Daybreakers HD

Daybreakers

Action Fantasy Science Fiction HD 2010-01-06 6.277 98 Min

အနာဂတ်မှာ လူသားတွေကပ်ဆိုက်လာတာကြောင့်လူတွေဟာဗန်ပိုင်းယားအဖြစ်သို့ ဆေးထိုးပြီးပြောင်းလဲခဲ့ပါတယ်။သွေးသောက်၊ အသက်ရှည်တာကလွဲရင်ကျန်တာလူနဲ့အတူတူပဲဖြစ်ပါတယ်။ ဗန်ပိုင်းယားကြီးစိုးတဲ့ကမ္ဘာထဲ လူသားတွေဟာ ပုန်းပြီးနေထိုင်ခဲ့ရပါတယ်။ဒါပေမယ့်လည်း လူသားတွေမျိုးသုန်းလာတာနဲ့အမျှသွေးဟာလည်းရှားပါးလာပါတယ်။အဲဒါကြောင့် သွေးအစားထိုးလုပ်ဖို့အတွက်ဒေါက်တာအက်ဒ်ဝေါ့ဒ် ဦးဆောင်တဲ့ အဖွဲ့ဟာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။တစ်ရက် အက်ဒ်ဝေါ့ဒ်တစ်ယောက် ညဘက်ကားမောင်းပြီး ပြန်နေတုန်းလူသားတွေမောင်းလာတဲ့ ကားတစ်စီးကိုဝင်တိုက်ခဲ့ပါတယ်။အဲကစလို့ အက်ဒ်ဝေါ့ဒ်ရဲ့ဘဝဟာလည်း တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ဘာတွေပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါ။အက်ဒ်ဝေါ့ဒ်အဖြစ် အချစ်တော်မင်းသား (ယောက်ခမကြီး) Ethan Hawkeလိုင်ယွန်နယ်အဖြစ် မင်းသားကြီး Willem Dafoeမစ္စတာဘရွန်လေအဖြစ် မင်းသား  Sam Neill တို့ကအားဖြည့်သရုပ်ဆောင်ထားကြပါတယ်။