The Book of Life HD

The Book of Life

Comedy Family Fantasy Adventure Animation HD 2014-10-01 7.537 95 Min

တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ်မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦးဇာတ်လမ်းအညွန်းကတော့…ဇာတ်ကားဟာမိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြားရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီးဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့ကMaria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါအလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကိုMaria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက်Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကားThe Book of Life ကို ဒါရိုက်တာ Jorge Gutierrez ကရိုက်ကူးပေးထားပြီး Channing Tatum, Zoe Saldana, Diego Luna နဲ့Christina Applegate တို့ကအသံနဲ့သရုပ်ဆောင်ထားပါတယ်။