ပါလာဗီဟာ လေကြောင်းလမ်းရှင်းလင်းရေးအရာရှိတစ်ယောက်ဖြစ်ပြီးမကြာခင်မှာ အိမ်ကလက်ထပ်ပေးဖို့ ဖိအားပေးခံနေရသူပေါ့။ဒါပေမဲ့ ပါလာဗီရဲ့နှလုံးသားထဲမှာ သူအတွေ့အကြုံနုစဉ်ကလေကြောင်းရှင်းလင်းရေးကို ကူညီပေးခဲ့တဲ့ ကပ္ပတိန်အာဒီတယာကသာစိုးမိုးထားတဲ့အတွက် ကပ္ပတိန်နဲ့ နောက်ဆုံးအနေနဲ့ ဗိုင်းဇက်ကိုထက်သွားပါတော့တယ်။ အဲဒီမှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့မတော်တဆမှုဖြစ်သွားတာပေါ့။တစ်ဖက်မှာလည်း ဟောင်ကောင်ဘိန်းရာဇာကြီးရဲ့သား နှလုံးအစားထိုးဖို့ မှောင်ခိုဈေးကနေ ကိုက်ညီတဲ့သူရှာနေတဲ့ ဒေါက်တာအာဂျွန်ကလည်းပါလာဗီနဲ့ကိုက်ညီနေတာတွေ့လို့ ပါလာဗီကို နေ့ချင်းဟောင်ကောင်ကိုသယ်လာဖို့ကြံစည်ပါတော့တယ်။တစ်ဖက်ကလည်း အာဒီတယာကိုစိတ်စွဲနေတဲ့ပါလာဗီရဲ့ဝိညာဉ်က အာဒီအိမ်က ဝက်ဝံရုပ်ထဲရောက်သွားတဲ့အခါ…..