ဟာသမင်းသားကြီး Ajay Ghosh ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး Chandini Chowdary လည်းအားဖြည့်ပါဝင်ထားတဲ့ တေးဂီတသံစုံ ဟာသဒရမ်မာကားသစ်လေး ဖြစ်ပါတယ်။မူရ်သီဆိုတဲ့ ဘဲကြီးက တေးသီချင်းတွေကို ဝါသနာပါ ရူးသွပ်ပြီး ကိုယ်တိုင်လည်းတေးဂီတခွေဆိုင်လေးဖွင့် ဘုရားပွဲ ကနားပွဲ မသာပွဲတွေဆိုလည်း လိုက်လိုက်ပြီးလော်နဲ့ သီချင်းဖွင့်ပေးပြီး စီးပွားရေး လုပ်ကိုင်နေသူကြီးပေါ့။ဒါပေမဲ့လည်း သမီးနှစ်ယောက်နဲ့ ဇနီးမယားကို ထောက်ပံ့ဖို့အတွက်ကျခေတ်မှီလာတဲ့ ဒီလိုခေတ်ကြီးမှာ ဒီအလုပ်က အဆင်မပြေတော့ပါဘူးဒါကြောင့် မိန်းမဖြစ်သူကလည်း တခြားအလုပ်ပြောင်းလုပ်ဖို့နားပူနားဆာတိုက်နေပေမဲ့ ရူးသွပ်မှုနောက်ကိုပဲ လိုက်နေဆဲပေါ့လေ။တစ်ဖက်မှာလည်း အမေရိကားကနေ ကျောင်းတက်လာတဲ့ အန်ဂျနာဟာအိန္ဒိယရှေးရိုးစွဲ မိဘတွေနဲ့ အဆင်မပြေတွေဖြစ် သူ ဝါသနာပါတဲ့ ဒီဂျေအလုပ်ကိုလည်းအရက်မူးသမားတွေ ရှိတဲ့ဆိုင်မှာ ဖျော်ဖြေပေးရတာ အောက်တန်းကျတယ်ဘာပြုတယ်နဲ့ သားအဖနှစ်ယောက်က တဂျိမ်းဂျိမ်းပေါ့။ဒီလိုနဲ့ တေးသီချင်းတွေကို နှစ်သက်ပေမဲ့ ခေတ်ပေါ်ရေစီးကြောင်းကို မသိတဲ့ မူရ်သီတစ်ယောက်ဒီဂျေပညာရှင်မလေး အန်ဂျနာနဲ့ ကံပါလို့ တွေ့ဆုံကြတဲ့အခါမှာတော့ ရိုးရိုးမူရ်သီကနေDJ မူရ်သီဖြစ်လာဖို့ ဘယ်လိုတွေ ကြိုးစားရမလဲ ဘယ်လို အခက်အခဲတွေ ကြုံရမလဲနှစ်ယောက်သား ကိုယ်စီပြဿနာ အခက်အခဲတွေကနေ လွတ်မြောက်နိုင်မလားဆိုတာကိုရယ်စရာ မောစရာ တေးသီချင်းတွေနဲ့ တင်ဆက်ထားတဲ့ Tamil ကားလေး ဖြစ်ပါတယ်ဗျာ။