၁၉နှစ်အရွယ် ဘရာဇီးအမျိုးသမီးတစ်ဦးဖြစ်ပျက်ခဲ့တာကို အခြေခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုံကားတစ်ကားတင်ဆက်ပေးချင်ပါတယ် ကုဋေ၈၀သုံးထားပြီးရုံတင်ငွေအနေနဲ့ ကုဋေ၁၁၅.၇၄ ပြန်လည်ရရှိထားတဲ့အပြင်အပေါက်ဆုံး၄ကားမြောက်ဇာတ်ကားဖြစ်လာခဲ့ပါတယ်ဒီကားထဲမှာ မင်းသားချောဗစ်ကီ ပါဝင်သရုပ်ဆောင်ထားပြီးအသည်းထဲကစွဲရတဲ့ မင်းသမီးလေးTriptii Dimri ကလည်းအစွမ်းကုန်လှပပေးထားပါသေးတယ်ဖအေမတူဘဲ အမြွှာမွေးဖွားခြင်း ဒီသတင်းကအိန္ဒိယတစ်ဝှမ်းဟိုးလေးတကျော်ကျော်ဖြစ်နေပါတယ်ဒီဇာတ်လမ်းကိုရုပ်ရှင်ပြန်လည်ရိုက်ကူးဖို့ ကာယကံရှင်ဆီသွားရောက်မေးမြန်းခဲ့ပြီးအသေးစိတ်နောက်ကြောင်းပြန်ပေးထားတာပါဇာတ်လမ်းကတော့ ဘောစိမိသားစုမင်္ဂလာပွဲကစခဲ့ပါတယ်သမီးရှင်တွေ သားရှင်တွေကကိုယ့်သားသမီးကိုပွဲထုတ်ကြတဲ့ပွဲတစ်ခုဆိုလည်း မမှားဘူးပေါ့ရှင် ဒီပွဲမှာ အာခေးလ်နဲ့ဆာလိုနီတို့တွေ့ခဲ့ကြတယ် နှစ်ဦးသားက Sagittarius နဲ့ Gemini ဆိုတော့လိုက်ဖက်ညီတယ်ဆိုပြီး ၂ဖက်မိဘကလည်းသဘောကျတဲ့အပြင်အတိုင်အဖောက်လည်းညီကြတဲ့ စိတ်တူကိုယ်တူသူတို့၂ယောက်တွေ့တွေ့ချင်းပဲစွဲလမ်းမိသွားလို့ အာခေးလ်တစ်ယောက် အားကြိုးမာန်တက်လိုက်ပါတော့တယ်ဒါပေမဲ့လည်းဆာလိုနီ့အိပ်မက်က စားဖိုမှူးတွေအတွက် အမြင့်ဆုံးဆုကို ဆွတ်ခူးနိုင်ဖို့ပါ ပန်းတိုင်မရောက်ခင်လမ်းမှာဝင်တိုက်မိတဲ့ ခလုတ်တံသင်းလေးအာခေးလ်နဲ့တွေ့မိတော့ သူ့အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ပါဦးမလား အဖေမတူတဲ့အမြွှာဇာတ်လမ်းကရောဘယ်လိုဖြစ်တည်လာမလဲဆိုတာကိုတော့…