အမေရိကန် ဇာတ်လမ်းတွဲဖြစ်တဲ့ Dog Days ကို Remake ပြန်ရိုက်ထားတာဖြစ်ပြီးလက်မှတ်ပေါင်း ၃ သိန်းကျော်ရောင်းရတဲ့အထိ ကြည့်ရှုမှုနှုန်းမြင့်တဲ့ ဒီကားလေးမှာတော့ကမ္ဘာကျော် ဗိသုကာပညာရှင် ဂျိုမင်ဆောအဖြစ် Oscar ဆုရှင်မင်းသမီးကြီး Youn Yuh-Jungအဆောက်အဦပိုင်ရှင် ဂိုမင်ဆန်းအဖြစ် Ehxuma ထဲမှ Yu Hae-Jinတိကုဆေးရုံအုပ် ဂျင်ယောင်းအဖြစ် Pale Moon ဇာတ်လမ်းတွဲထဲမှ Kim Seo-JungMoney Heist ဇာတ်လမ်းတွဲထဲမှ မင်းသားချော Lee Hyun-Woo , Kim Yunjin , Jung Sung-Hwa ,Daniel Henney စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများအပြင်ချစ်စရာကောင်းတဲ့ ကလေးမလေး Yoon Chae-Na တို့ အဓိကပါဝင်ထားပြီး ဧည်သည်သရုပ်ဆောင်အဖြစ် Kim Go-Eun မှ ပါဝင်အားဖြည့်ပေးထားပြီးအာဝုလေးတွေကနေ တစ်ဆင့် တွေ့ဆုံဖို့ဖြစ်လာကြတဲ့ လူတွေအချင်းချင်း နှစ်သိမ့်ပေးကြပြီးတော့ခံစားချက်တွေ ဝေမျှကြတာကို ကြည်နူးဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်း…..ဂိုမင်ဆန်းဆိုတဲ့ သူဟာ ဇီဇာကြောင်တဲ့ အဆောက်အဦပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ခွေး မချစ်တတ်တာကြောင့်သူ့အဆောက်အဦမှာအငှားဖွင့်ထားတဲ့ တိကုဆေးရုံက ဆေးရုံအုပ်နဲ့ အမြဲတမ်း တစောင်းစေးနဲ့မျက်ချေးလို ဖြစ်နေတာပါ ။တိကုဆေးရုံအုပ် ဂျင်ယောင်းကတော့ ခွေးလေးတွေကို အရမ်းချစ်တတ်ပြီး စွန့်ပစ်ခွေးလေးတွေကို အမြဲဂရုစိုက်ပေးတတ်သူပါ ။တစ်နေ့မှာတော့ ကုမ္ပဏီရဲ့ အပန်းဖြေစခန်းပရောဂျက်အတွက် အကြံအိုက်နေတဲ့ ဂိုမင်ဆန်းတစ်ယောက် ..တိကုဆေးခန်းဆီ အိမ်မွေးခွေးလေးဝမ်ဒါနဲ့အတူရောက်လာတဲ့ ဗိသုကာပညာရှင် ဂျိုမင်ဆောကို တွေ့သွားပါတော့တယ် ။ဒီလိုနဲ့ ဗိသုကာပညာရှင်ဆီက အကြံဉာဏ်လိုချင်တာကြောင့် ရင်းနှီးအောင်လုပ်ဖို့အတွက်တိကုဆေးရုံအုပ်ဂျင်ယောင်းနဲ့အတူ စွန့်ပစ်ခွေးမွေးစားခြင်းကမ်ပိန်းကို တာဝန်ယူ လုပ်ကိုင်ပေးပါတော့တယ်။ဂိုမင်ဆန်းရဲ့ ဒီလိုကြိုးစားမှုတွေက အရာထင်လာမလား…ခွေးကို မချစ်သော်လည်း အောင့်ကာနမ်းပြီး အတင်းအကြပ် ချစ်ချင်ဟန်ဆောင်နေတဲ့ ဂိုမင်ဆန်းတစ်ယောက်နောက်ဆုံးမှာ ခွေးလေးတွေကို ချစ်နိုင်သွားမလား ….တိကုဆေးရုံကို ရောက်လာတဲ့တခြားသူတွေမှာရော ဘယ်လိုဇာတ်လမ်းလေးတွေရှိနေမလဲ …..ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ဒီကားလေးက စကြည့်မိတာနဲ့ အဆုံးအထိ ဆွဲခေါ်သွားနိုင်မဲ့ Healing Genre လေးဖြစ်တာကြောင့်တစ်နေ့တာအမောတွေ ပြေပျောက်သွားစေရန် အလို့ငှာ မတင်ဆက်ပေးလိုက်ပါတယ် ။