Honeymoon Express HD

Honeymoon Express

Drama Romance HD 2024-06-21 8.3 118 Min

ဒီတစ်ခါတော့  ပရိသတ်ကြီးတို့အတွက်၂၀၂၄ ခုနှစ်ထွက် အချစ်ဟာသကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ –ပြိုင်ကားတစ်စီးပေါ်မှာ အငြင်းပွားရန်ဖြစ်နေတဲ့လင်မယားကိုတွေ့ရပါလိမ့်မယ်။တကယ်လို့ ဒီလင်မယားဟာ လူကြီးတွေစီစဉ်ပြီးလက်ထပ်ပေးထားလို့ဒီလိုရန်ဖြစ်နေတာပဲလို့ သင်ထင်ရင် မှားပါလိမ့်မယ်။တကယ်တော့သူတို့ဟာ မြင်မြင်ချင်းချစ်မိပြီး မခွဲနိုင်မခွာနိုင်ဖြစ်လို့လက်ထပ်ယူထားကြသူတွေပါ။ ဒါဆိုရင် ဘာကြောင့်များလက်ထပ်ပြီးတဲ့နောက်မှာ ကြားလေသွေးရင်တောင်ဝေးတယ်ထင်တဲ့အချစ်ငှက်မောင်နှံကနေမတည့်အတူနေဆက်ဆံရေးအဖြစ်ကို ပြောင်းလဲသွားရပါလိမ့်။လူတွေပြောကြသလို အိမ်ထောင်ရေးဆိုတာ အချစ်တို့ရဲ့အဆုံးသတ်ပဲ တကယ်ဖြစ်နေမလား။ဒီလင်မယားဟာလည်း ချစ်လို့ယူထားတဲ့အိမ်ထောင်ရေးကို အဆုံးမသတ်ချင်တဲ့အတွက်ဘယ်လိုတွေကြိုးစားမလဲဆိုတာကိုဟာသနှောပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးပြထားပါတယ်။တကယ်ပဲ အောင်မြင်ပြီး ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဖြစ်မလား၊ပျော်ရွှင်စွာလမ်းခွဲကြလေသတည်းဖြစ်မလားဆိုတာကိုတော့ အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးရည်းစားဘ၀မှာ အချစ်ဆိုတာ လတ်ဆတ်လန်းဆန်းပြီး ပျော်စရာကောင်းပေမဲ့ အိမ်ထောင်ကျပြီးတဲ့အချိန်မှာတော့အကြောင်းအမျိုးမျိုးကြောင့် အချစ်ဆိုတာ ခြောက်သွေ့ညှိုးနွမ်းသွားတတ်ပါတယ်။အကယ်၍သင့်မှာ လက်ထပ်ဖို့ရည်ရွယ်ထားသူရှိပြီ / ကြင်စဦးအိမ်ထောင် (သို့)အိမ်ထောင်သက်ကြာညောင်းနေပြီဆိုရင်တော့ အိမ်ထောင်ရေးပြဿနာတချို့ကိုဟာသနှောရိုက်ကူးထားတဲ့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေဗျ..