Black Storm HD

Black Storm

Crime Drama HD 2024-08-22 8 0 Min

အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက်ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီးလေကျယ်အနေနဲ့ ပြန်လာပါပြီနော်…ဇာတ်လမ်းအကျဉ်းလေးကတော့…ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကိုခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူးသေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာတိုင်ကြားမှုတွေများနေခဲ့တာပေါ့…ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလိုခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့…တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး..လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့…တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမကအုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်…တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ …ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်…ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့…ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်..ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား…တခြား ဘာပတ်သက်မှုတွေရှိသေးလဲ…လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ…ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်…