ဒီရုပ်ရှင်ကတော့ Siccin ရုပ်ရှင်အတွဲရဲ့ သုံးကားမြောက်ကားဖြစ်ပါတယ်။တော်တော်လေးလည်းကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။အတော်လေးလည်းဝမ်းနည်းဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအညွှန်းကေဒါ၊ အော်ဟန်နဲ့ ဆီဒက်တို့ဟာ အချစ်ရဆုံးငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ကေဒါနဲ့ဆီဟက်တို့နှစ်ယောက်ဟာ မောင်နှမတွေဖြစ်ပါတယ်။အော်ဟန်ကတော့ ငယ်သူငယ်ချင်းဖြစ်ပါတယ်။ဒီလိုနဲ့ အော်ဟန်နဲ့ ကေဒါတို့နှစ်ယောက် ချစ်ကျွမ်းဝင်ပြီးအကြောင်းပါခဲ့ပါတယ်။ဒါပေမယ့်တစ်ရက်မှာ ဆီဒက်၊ ကေဒါနဲ့ ဆီဒက်ရဲ့သားလေးတို့သုံးယောက်သားမြို့တက်ရင်း ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှတော့ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေဖြစ်ပေါ်လာခဲ့ပါတယ်။