White Lies, Black Lies HD

White Lies, Black Lies

Crime Mystery Romance HD 2016-04-15 4 94 Min

Suspense drama တွေကြိုက်တယ်ဆိုတဲ့သူတွေအတွက်ထိုင်ဝမ်ဇာတ်ကားကောင်းလေးတင်ပေးလိုက်ပါတယ်။တစ်ခါတစ်လေမှာ အဖြူရောင်မုသားတစ်ခုကိုဖုံးကွယ်ဖို့အတွက်မုသားတွေမဆုံးနိုင်အောင်ဆက်ပြောရတတ်တယ်။မုသားတွေများလာတော့ တကယ့်အမှန်တရားဟာဘယ်လိုလဲဆိုတာဝေဝါးသွားတတ်တယ်။ညတစ်ညမှာ ကောင်းရှုံမြို့ကဆံသဆိုင်တစ်ခုမှာ ဆိုင်ရှင်အမျိုးသမီးကိုလည်လှီးတဲ့လူသတ်မှုဖြစ်ပွါးခဲ့တယ်။ခင်ပွန်းဖြစ်သူကဆေးရုံကိုလာပို့ပေမယ့် အရေးပေါ်ခွဲစိတ်နေတုန်းမှာပဲ ထွက်ပြေးသွားခဲ့တယ်။ရဲတွေကခင်ပွန်းဖြစ်တဲ့သူကို အဓိကသံသယရှိသူအနေနဲ့လိုက်ရှာကြပါတော့တယ်။အထက်တန်းကျောင်းကငယ်ချစ်ဦးနဲ့ အသက်တွေကြီးမှပြန်ဆုံတဲ့အခါအချစ်တွေမကုန်သေးတဲ့အတွက် အမှားတွေလုပ်မိခဲ့ကြတယ်။မိန်းမဖြစ်တဲ့သူကသိသွားတဲ့အခါ စိတ်လိုက်မာန်ပါနဲ့သတ်သေသွားတယ်လို့ထွက်ဆိုချက်ပေးပေမယ့်ရဲတွေကမယုံပဲဆက်စစ်ဆေးကြတယ်။ဒါဟာတကယ်ပဲ မတော်တဆမှုလားရည်ရွယ်ချက်ရှိရှိလူသတ်မှုလား……နောက်ကွယ်မှာဘယ်လိုဇာတ်လမ်းတွေရှိနေမလဲဆိုတာကိုစိတ်ဝင်စားစရာတွေနဲ့ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်