ဒီကားလေးကတော့ IMDb 7 ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါပဲအဆိုတော်တစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျတွေကို သင်ခန်းစာ ယူဖွယ် ဆွတ်ပျံ့ကြည်နူးဖွယ် ရိုက်ကူးပြထားတာပါ။reviewတွေထဲမှာတော့ သင်တို့ရဲ့ ဒီဇာတ်ကားဟာ မျက်ဝန်းတွေကို စိုစွတ်စေပြီး အာခေါင်တွေကိုခြောက်သွေ့သွားစေနိုင်တယ်လို့တောင်ဆိုထားပါတယ်။အရက်ကြောင့် ပျက်စီးလုနီးပါးဖြစ်ခဲ့ရတဲ့ ကိုယ့်ရဲ့ ဂုဏ်သတင်းကို ဘယ်လို ထိမ်းသိမ်းခဲ့တယ် ကိုယ့်ရဲ့ ဘဝလက်တွဲဖော် ချစ်သူဆိုတာ ကိုယ့်ဘဝမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ ဒီဇာတ်ကားက အဓိက ဇာတ်ဆောင်က အကောင်းဆုံး ချပြသွားနိုင်ခဲ့ပါတယ်။ရုပ်ရှင်ချစ် ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ရိုမန့်တစ်ဇာတ်ကားကောင်းလေးပါ။