The Truman Show HD

The Truman Show

Comedy Drama HD 1998-06-04 8.141 103 Min

သင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။င်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေနေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်….ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် အကုန်လုံးကအတုတွေဆိုတာကိုမခွဲခွာခင်မှာပြောခဲ့တယ်။သူတို့ကရှင်နဲ့တွေ့တာမကြိုက်ဘူး ဆိုတာကိုလည်းပြောခဲ့တယ်။ပြီးတော့သူမဟာ Fijiတောင်တန်းတွေဘက်ကိုအရွေ့ခံလိုက်ရတယ်။ တကယ်တော့သူမကို Show ပွဲကနေထုတ်လိုက်တာပါ။Trumanတစ်ယောက် Fijiဆိုတာကိုရှာမယ်။ သူမကိုတွေ့အောင်ရှာမယ်။ဒါပေမယ့် အချစ်က တကယ်ပဲသူ့ကို ဒီအိမ်မက်ဆိုးကြီးကလွတ်မြောက်အောင်ဆောင်ရွက်ပေးမှာလား။သူကလွဲပြီးအကုန်အတုအယောင်တွေဆိုတာကိုသူသိသွားမှာလား။ တကယ်ပဲလွတ်မြောက်သွားမှာလား။တကယ့်ကိုရုပ်ရှင်ချစ်တဲ့လူဆို ဒီကားကိုကြည့်ပြီး အကောင်းဆုံးတွေထဲကတခုအဖြစ်သတ်မှတ်မှာသေချာပါတယ်။ကြည့်ကိုကြည့်ရမယ့်ကားပါ။PG ရုပ်ရှင်ဖြစ်တာနဲ့အညီဟာသလေးတွေနဲ့မပျင်းရအောင်ဆွဲခေါ်ထားပါတယ်။ ဒါပေမယ့်တကယ်တွေးကြည့်ရင်ဇာတ်ကားကနက်နဲ ပြီးကြောက်စရာကောင်းပါတယ်။ကြောက်စရာအကောင်းဆုံးရုပ်ရှင်တွေထဲကတခုအဖြစ်သတ်မှတ်ထားပါတယ်။ Coraline လိုမျိုးပါပဲ။ ဖြဲမခြောက်ပဲကိုကြောက်စရာကောင်းတဲ့ကားမျိုးပါ။မျက်ရည်ဝဲရင်းကျေနပ်မှုအပြည့်အဝပေးမယ့်ကားလေးပါ။ ဇာတ်ကားကလည်း 1 နာရီနဲ့43မိနစ်ဆိုတော့အရမ်းမကြာပါဘူး။စလာထဲကဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ ပြီးတဲ့အထိမထပဲ ကြည့်ချင်မယ့်ကားမျိုးပါ။မင်းသားအနေနဲ့ အချစ်တော် Jim Carreyက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Show ပွဲကိုစီစဥ်သူအနေနဲ့ Ed Harris က ပါဝင်အားဖြည့်ထားပါတယ်။Jim Carrey အနေနဲ့ Golden Globe အကောင်းဆုံးမင်းသားဆုEd Harris အနေနဲ့ Golden Globe အကောင်းဆုံးဇာတ်ပို့မင်းသားဆုအပြင်ဆုတွေအများအပြားသိမ်းပိုက်ထားတဲ့ကားပါ။ကြည့်ဖြစ်အောင်ကြည့်ပါ။