Sita Ramam FHD

Sita Ramam

Drama Romance FHD 2022-08-05 7.8 158 Min

ဒီတစ်ခေါက် အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီးအိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ်အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေအဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကိုမီးရှိခဲ့တဲ့အတွက်သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကိုပြန်ပြီး မီးရှိခဲ့ပါတယ်အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန်မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ်ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာအိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လိုဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ်ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီးသေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ကတိတစ်ခုကို “အက်ဖရင်း” က တည်အောင်လုပ်ပေးရမယ်အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ်အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ “ရမ်” ရဲ့ကောင်မလေး “ဆီတာ” ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်…ခက်တာက အဲဒီ “ရမ်” နဲ့ “ဆီတာ” ဟာ အိန္ဒိယလူမျိုးဖြစ်နေတာပါပဲဒါပေမယ့်လည်း ပိုက်ဆံလိုနေတဲ့ “အက်ဖရင်း” ဟာသူ့အဘိုးခိုင်းထားတဲ့အလုပ်ကို သဘောတူလိုက်ပြီးသူ မဆက်ဆံချင်ဆုံး အိန္ဒိယလူမျိုးတွေနဲ့ ဆက်ဆံဖို ဖြစ်လာပါတော့တယ်အဲဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် (၂၀) က “ဆီတာ” ဆိုတဲ့ ကောင်မလေးကိုသူဘယ်လိုလိုက်ရှာမလဲဆီတာ” နဲ့ “ရမ်” တိုရဲ့ ဇာတ်လမ်းလေးကရောဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ..အိန္ဒိယနဲ့ ပါကစ္စတန်တိုရဲ့ အာဃာတတွေကြားကဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုမေတ္တာသာစစ်ရင် အမုန်းတရားတွေပြေငြိမ်းနိုင်တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် တင်ဆက်ပေးမှာကတော့အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်