Soorarai Pottru HD

Soorarai Pottru

Action Drama HD 2020-11-12 7.8 149 Min

အိန္ဒိယနိုင်ငံမှာ ပထမဆုံး တန်ဖိုးနည်းလေကြောင်းခရီးစဉ်တွေအတွက်Air Deccan ဆိုတဲ့ လေကြောင်းလိုင်းကို ပြေးဆွဲပေးခဲ့တဲ့စွန့်ဦးတီထွင်သူ G. R. Gopinath ရဲ့ဘ၀ထဲက အဖြစ်အပျက်တစ်ချို့ကိုရုပ်ရှင်တစ်ခုအနေနဲ့ တင်ဆက်လိုက်တဲ့ ဒီဇာတ်ကားဟာဒီနှစ်ပိုင်းမှာ ထွက်တဲ့ တမီးလ်ဇာတ်ကားတွေထဲမှာတော့အကောင်းဆုံးဇာတ်ကားလို့ပဲ ပြောချင်ပါတယ်။အဓိကဇာတ်ကောင်နေရာကို Singam မင်းသား ဆူရိယက သရုပ်ဆောင်ထားပြီးဗီလိန်အဖြစ်နဲ့ Oh My God ဇာတ်ကားတွေထဲက Paresh Rawal တို့က သရုပ်ဆောင်ပေးထားပါတယ်။၂၀၂၀မှာ ခုလိုကားကောင်းမျိုး ထွက်လာလိမ့်မယ်လို့မထင်ထားခဲ့တာ အမှန်ပါ။ကျွန်တော်တို့ ဘာသာပြန်သူတွေအနေနဲ့တော့ဒီကားဟာ ရွှေပဲ။အက်ရှင်ကားမဟုတ်ဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကိုအခြေခံထားတဲ့ သာမန်လူတန်းစားတစ်ယောက်ရဲ့အများအကျိုးပြု အိပ်မက်တစ်ခုကိုအကောင်အထည်ဖော်ပြသွားတဲ့ရာမာကားကောင်းတစ်ကားပါပဲ။သူ့အိပ်မက်က ထူးဆန်းတယ်။ကျယ်ပြန့်တယ်၊ လက်တွေ့မှာ မလွယ်လှတဲ့လေကြောင်းလိုင်းတစ်ခုကို ထူထောင်ဖို့ပါ။လေယာဉ်နဲ့ ခရီးသွားဖို့ လူတိုင်းတတ်နိုင်ရမယ်။သူ့တုန်းကလို အဖြစ်အပျက်မျိုး၊ ရထားစီးပြီးအချိန်ဖြုန်းခရီးသွားတာမျိုး နောက်မျိုးဆက်အဆက်ဆက်ဖြစ်စေရဖို့ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ဒါပေမဲ့ သူ့အဖို့ ထင်သလောက် မလွယ်ခဲ့။ကောက်ကျစ်မှုတွေကို ခံရတယ်။ပြိုင်ဆိုင်မှုတွေ ရှိတယ်။သူလို သာမန်လူတန်းစားတစ်ယောက် ဘဝပျက်ဖို့သူဌေးတစ်ယောက်က ၁၀မိနစ်ပဲ အချိန်ယူတယ်။ဒါပေမဲ့ မဆုတ်မနစ်တဲ့ ယောကျ်ားကောင်းတို့ရဲ့စိတ်ဓာတ်ကို အသုံးချလာတဲ့အခါမှာ…. ။အောင်မြင်တော့မလိုလိုနဲ့ ကျရှုံးမှုတွေ၊လက်ကမ်းသလိုလိုနဲ့ တွန်းထုတ်မှုတွေကိုလူ့သဘာဝဆန်ဆန် မြင်ရပါတယ်။သူဌေးကြီးက ပြောတယ်။“မင်းက လေယာဉ်လက်မှတ်ပဲ ပိုင်တာပါ၊ကျုပ်က ဒီလေယာဉ်ကို ပိုင်တာ” တဲ့။အဲ့ဒီစကားနဲ့အတူ လေယာဉ်ပေါ်က နှင်ထုတ်ခံလိုက်ရတဲ့လူငယ်တစ်ယောက်…နောင်တစ်ချိန်မှာ အဲ့ဒီသူဌေးကြီးကို ဘာပြန်ပြောမယ် ထင်လဲ