1922 HD

1922

Crime Drama Horror HD 2017-10-20 5.933 102 Min

Stephen King ရဲ့ ဝတ္ထု​ကို အသက်​သွင်း​ထားတဲ့ Horror​/Drama​ အမျိုး​အစား​ရုပ်ရှင်​ ဖြစ်ပါ​တယ်။2017 အောက်​တို​ဘာ​ ၂၀ ရက်​မှာ Netflix​ ကနေ ထုတ်​လွှင့်​ခဲ့ပါတယ်။The​ Punisher နဲ့ The Mist ရုပ်ရှင်​တွေရဲ့ မင်းသား​ကြီး Thomas Jane က အဓိက​ ပါဝင်​သရုပ်ဆောင်​ထား​ပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Wilfred James ဆိုတဲ့​ လယ်သမား​တစ်ဦး​ဟာ ဇနီး​ဖြစ်သူ​ Arlette နဲ့ သား​ဖြစ်သူ​ Henry တို့​နဲ့အတူ​ နီဘရားစကားပြည်နယ်မှာ နေထိုင်​ပါတယ်။ဇနီး​ဖြစ်သူ​ Arlette က အမွေရထားတဲ့ လယ်​ဧကတစ်ရာကို ရောင်း​ပြီး မြို့​ပြောင်း​ချင်​ပေမဲ့James နဲ့ Henry တို့သားအဖကတော့ မပြောင်း​ချင်တဲ့အတွက် စကား​များ​ရန်​ဖြစ်​ကြကာ သား​အဖနှစ်ဦးပေါင်းပြီး Arlette​ ကို အပျောက်​ရှင်း​ပါတော့တယ်။ဒီကိစ္စ​ ဒီမှာ​တင်ပြီးပြီလို့ James ထင်​ခဲ့မိပေမဲ့ နောက်​ဆက်​တွဲ​ ခြောက်​ချား​ဖွယ် ဖြစ်​ရပ်​တွေ ဆက်​ဖြစ်​လာ​တဲ့အခါမှာ​ James​ တစ်ယောက်​ ဘယ်​လို​တုံ့ပြန်​မလဲ​ဆိုတာ​ကို ကြည့်​ရှု​ရမှာ​ဖြစ်ပါတယ်။Stephen King​ ရဲ့ ဝတ္ထု​ဆိုတော့​ Horror​ ရသကို ပေးစွမ်းနိုင်သလိုDrama​ နဲ့လည်း ရောထားတဲ့အတွက် ဇာတ်​လမ်း​ဇာတ်​အိမ်​လည်း ကောင်း​မွန်​တယ်လို့ သတ်​မှတ်​နိုင်​ပါတယ်​။ဇနီး​ဖြစ်သူ​ကို အ​ပြတ်​ရှင်း​တဲ့နေရာမှာ သားဖြစ်​သူကို ဆွဲထည့်ခဲ့တဲ့ James​ ရဲ့လုပ်ရပ်ကြောင့် ဘယ်လို​အဖြစ်​မျိုး​တွေ ရင်ဆိုင်​ရမလဲ​ဆိုတာ​ကို စိတ်ဝင်စား​ဖွယ်၊ သနား​ဖွယ်​ ကြည့်​ရှု​ရမှာပါ။