Customs Frontline HD

Customs Frontline

Action Drama HD 2024-06-28 6 115 Min

တစ်နှစ်နေမှ တစ်ကားသာထွက်တဲ့ Nicolas Tse ရဲ့ 2024 ခုနှစ် အက်ရှင်ဇာတ်ကားသစ်လေးပါ။သူ့ကိုတော့ ကျွန်တော်တို့ မြန်မာပရိတ်သတ်တွေအနေနဲ့ဟွားဝူချွဲလို့သိကြပါတယ် ( ငါးကလေး ဇာတ်လမ်းတွဲမှ )နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဦး ပေါ့ကိုယ်တွေရဲ့ ဂျစ်ကန်ကန် Tse ဟာ ဒီကားမှာတော့ဆိပ်ကမ်းအကောက်ခွန်အရာရှိအဖြစ်နဲ့uniform နဲ့အထာကျနေပါတယ်။ဇာတ်လမ်းကတော့ မုန်တိုင်းအပြီးမှာ အလောင်းတွေအပြည့်နဲ့မှောင်ခိုသင်္ဘောတစ်စီး ဟောင်ကောင်ကမ်းနားရောက်လာပါတယ်။နိုင်ငံခြားသားအလောင်းတွေအပြည့်နဲ့ ဘယ်ကလာမှန်းမသိတဲ့ကုန်တင်သင်္ဘောတစ်စင်းမှာ ဘယ်လိုလျှို့ဝှက်တွေနဲ့ပြည့်နေမလဲဆိုတာရဲတွေကရှာဖွေကြရပါတော့တယ်ဒီလိုနဲ့ အတွင်းကျကျစစ်ဆေးရင်း ကျယ်ပြန့်တဲ့လက်နက်မှောင်ခိုမှုကြီးတစ်ခုမှန်း သိလာရတဲ့အခါကမ္ဘာအကောက်ခွန်ပူးပေါင်းရေးကော်မတီနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးစုံစမ်းကြပြီး နောက်ကွယ်ကကြိုးကိုင်နေတဲ့ အဓိကတရားခံကိုဘယ်လိုဖေါ်ထုတ်မလဲ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲအကြောက်တရားမရှိ မတွန့်မဆုတ်ပဲ အမှန်တရားပေါ်လာတဲ့အထိဘယ်လိုကြိုးစားဖေါ်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်