ဗင်းဆင့်ဒေါင်း က Las Vegas ရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ယောက်ပါ။Vegas မြို့မှာက မူးယစ်ဆေးဝါးဂိုဏ်းတွေ ခြေချင်းလိမ်ပြီးရဲတပ်ဖွဲ့ထဲအထိပါ မူးယစ်ဆေးဘက်တော်သားတွေရှိနေခဲ့တယ်။ဗင်းဆင့်ဒေါင်းနဲ့ သူ့ပါတနာ ကလည်း ထူးမခြားနားပါပဲမူးယစ်ဆေးဂိုဏ်းတွေနဲ့ ပတ်သတ်နေခဲ့တယ်။တစ်နေ့မှာတော့ ဗင်းဆင့်ဒေါင်း နဲ့ သူ့ပါတနာ ရှောင်ကဆ် တို့သူများရဲ့ ကိုကိန်းအိတ်ကြီး သွားလုရာက မြို့မှာ အာဏာကြီးတဲ့မူးယစ်ဂိုဏ်းရဲ့ ကိုကိန်းအိတ်ကြီး ဖြစ်နေလို့ ပြဿနာတက်ပါတော့တယ်။အက်ရှင်ကား ပီပီ တိုက်ခန်းခိုက်ခန်း ဆဲဆိုခန်းတွေအပြည့်နဲ့Vegas ရဲတပ်ဖွဲ့ထဲက အရှုပ်တော်ပုံတွေအကြောင်းကို ခံစားကြည့်ရှုကြရမှာပါ။ဗင်းဆင့်ဒေါင်းတယောက် ဒီပြဿနာကြီးကို ဘယ်လိုရှင်းမလဲဆိုတာအတူတူ ခံစားရှုစားလိုက်ကြရအောင်ခင်ဗျာ။