ဒီတစ်ခါမှာ ပရိသတ်တွေအတွက် ချမ်းသာတဲ့သူတွေဆီကနေပိုက်ဆံခိုးပြီးဆင်းရဲသားတွေကို ပြန်လည်ခွဲဝေပေးတဲ့ သူငယ်ချင်း၄ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရရင် ဒီသူငယ်ချင်း၄ယောက်ကမတူညီတဲ့အရည်အချင်းတွေနဲ့ ခိုးတဲ့အလုပ်ကို professionalကျကျလုပ်ဆောင်နေကြတာပေါ့။ တနေ့မှာဝမ့်ရှင်းဘဏ်ကပရဟိတ ရန်ပုံငွေပရောဂျက်အတွက်ငွေတွေအများကြီးထည့်ထားတာကိုက်စိကျလာခဲ့တယ် သူတို့ ၄ယောက်က ဒီလိုနဲ့တနေ့အဲ့ပိုက်ဆံကိုခိုးတဲ့အခါမှာ မထင်မှတ်ဘဲ ရှန်ရှူးဝန်ဆိုတဲ့ လွန်ခဲ့တဲ့ငါးနှစ်တုန်းကပေါ်ကျွင့်နဲ့အဆက်သွယ်ပြတ်သွားခဲ့တဲ့ ကောင်မလေးနဲ့ပြန်ဆုံခဲ့ပါတယ်ရှန်ရှူးဝန်နဲ့ပြန်တွေ့ကြတဲ့အခါမှာတော့ သူ့ကို ဝမ့်ရှင်းဘဏ်ရဲ့ဥက္ကဌက နှုတ်ပိတ်ဖို့ ကြိုးစားနေတဲ့အချိန်ပေါ့ အဲ့ဒါကိုပေါ်ကျွင့်တစ်ယောက် လက်ပိုက်ကြည့်မနေဘဲနဲ့ ဝင်ကူညီပေးရာကနေမှသူတို့ခိုးယူလာတဲ့ငွေတွေကို ဘဏ်ဆီကို ပြန်မပို့ဘဲဥက္ကဌချန်ဟိုင်ရွေ့အိမ်ကို အရောက်ပို့ပြီး သူ့ရဲ့ မကောင်းမှုကိုဖော်ထုတ်ဖို့ကြိုးသူတို့၅ယောက် အတူတူကြိုးစားကြတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ဒါကြီးကအမှုဆိုပေမဲ့သူတို့တွေကသမာသမတ်ကျတဲ့နည်းလမ်းအတိုင်းကျင့်သုံးကြတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရူလိုက်ရအောင်နော်