အက်ရှင်ကားတွေကိုမှ ကြိုက်တတ်တဲ့ ရဲ့ပရိသတ်တွေအတွက်အက်ရှင်မင်းသားနှစ်ယောက်ရဲ့ ချကွက်တွေကိုအကြိုက်ကြည့်ရဖို့ ရုပ်ရှင်လေးလာပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့-ပစိဖစ်သမုဒ္ဒရာအလယ်က ကျွန်းလေးတစ်ကျွန်းပေါ်မှာ အိမ်ခြေမဲ့လေလွင့်သူတွေအတွက်နေထိုင်စရာ နေရာတစ်ခု ရှိခဲ့ပါတယ်။အဲဒါကတော့ ကျွိုင့်လမ်းလေးပဲ ဖြစ်ပါတယ်။ ကျွိုင့်လမ်းပေါ်မှာဆယ်နှစ်ကျော် ဖွင့်ခဲ့တဲ့ စားသောက်ဆိုင်က စားဖိုမှူးလောင်ချန်ရဲ့လက်မောင်းပေါ်က ဗလတွေကိုကြည့်ခြင်းအားဖြင့်သူက သာမန်လူမဟုတ်မှန်း သိသာနေပါတယ်။နောက်ထပ် ကျွိုင့်လမ်းကို ကာကွယ်ဖို့ တာဝန်ကျတဲ့ ရဲမှူးအားချန့်ကလည်းလွန်ခဲ့တဲ့ နှစ် ၂၀ က ဒုစရိုက်မှုတွေကို ဖော်ထုတ်ဖို့ အမြဲ ကြိုးစားနေသူ ဖြစ်ပါတယ်။တစ်နေ့မှာ လောင်ချန်တို့ဆိုင်ကို အလိမ်ခံရတဲ့ မိန်းကလေးတစ်ယောက်ကအကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီမိန်းကလေးကိုခေါ်ထားပေးမိတဲ့အတွက် လောင်ချန်ရဲ့ မွေးစားသမီးကိုဒုစရိုက်အဖွဲ့က ပြန်ပေးဆွဲဖို့ခေါ်သွားပါတော့တယ်။မွေးစားသမီးကို ကယ်တင်ဖို့အတွက် လောင်ချန်တစ်ယောက်ဒုစရိုက်သမားတွေရဲ့ အသိုက်ထဲကို မဖြစ်မနေဝင်ရတဲ့အခါ……လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လောင်ချန် ဖုံးကွယ်ထားချင်တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။