Primer HD

Primer

Drama Thriller Science Fiction HD 2004-10-08 6.767 77 Min

အင်ဂျင်နီယာ သူငယ်ချင်း ၄ ယောက်ဟာ လုပ်ငန်းတစ်ခုမှာ အတူတူလုပ်ကိုင်လျက်ရှိပြီးလုပ်ငန်းပြင်ပ အားတဲ့အချိန်လေးမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂိုထောင်လေးထဲကိုယ်ပိုင် တီထွင်ဖန်တီးမှုလေးတစ်ခု လုပ်နေကြတာပါ။ အင်ဂျင်နီယာ အခက်အခဲ ပြဿနာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ဒီစက်ပစ္စည်းလေးဟာ တစ်ခုခုထက် ပိုမိုထူးခြားသာလွန်နေတဲ့အရာတစ်ခု ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ဒီ ၄ ယောက်ထဲက ဒီအကြံရဲ့ မူလပိုင်ရှင်လို့ ပြောရမယ့် သူငယ်ချင်း ၂ ယောက်က ဒါကိုတခြားလူတွေမသိအောင် လျှို့ဝှက်စမ်းသပ်ကြပြီးတော့ တစ်ယောက်ယုံကြည်မှုအပေါ်ကိုတစ်ယောက်က မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမယ့်သိပ္ပံအင်ဂျင်နီယာအကြောင်း ဦးစားပေးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။