Reversed Destiny HD

Reversed Destiny

Romance HD 2024-06-21 8.3 0 Min

အတူတူလျှောက်လှမ်းခဲ့တဲ့လူတွေဟာတစ်ချိန်ချိန်မှာ ခွဲခွာရမှာပဲဆုံးရှုံးလိုက်ရတဲ့အရာတွေက အတိတ်လို့ပဲထင်ခဲ့တယ်။ဒါပေမယ့် ငယ်ရွယ်နုပျိုခဲ့တဲ့အချိန်တွေကိုနောက်ပြန်လှည့်ကြည့်လိုက်မှပိုင်ဆိုင်ခဲ့ဖူးတာတွေက အကြီးမားဆုံးကံကောင်းခြင်းဆိုတာသိလိုက်ရတယ်။သဲနာရီဟာတစ်ဖက်ကနေသဲမှုန်တွေအကုန်ကျသွားဖို့ ၉၉စက္ကန့်ကြာတယ်လို့ဆိုတယ်။ဘဝမှာအခက်အခဲတွေဘယ်လောက်ပဲကြုံနေရပါစေ၉၉စက္ကန့်အတွင်းမှာ သဲနာရီလိုအခြေနေတွေပြောင်းလဲသွားဖို့ဖြစ်နိုင်ပါတယ်။ဇာတ်လမ်းလေးကတော့……အမေဖြစ်တဲ့သူက တခြားကလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းသေဆုံးသွားတယ်။အဲဒီအချိန်ကစပြီးတော့ အဖေဖြစ်သူကအရက်ကိုပဲနေ့ညမပြတ်နေခဲ့ပြီးတော့အတန်းဖော်တွေကရှောင်ဖယ်ပြီး အနိုင်ကျင့်တာခံနေရတဲ့မိခင်မဲ့သူ …… မော့ရှင်ရှင်ချမ်းသာပြီး အရာရာပြီးပြည့်စုံတဲ့ တောက်ပတဲ့နေရောင်လိုမှောင်မိုက်တဲ့မော့ရှင်ရှင်ရဲ့ဘဝထဲကိုဝင်လာသူ …… မီရှားဒါရိုက်တာဖြစ်ဖို့အိပ်မက်ရှိပြီး နွေးထွေးတဲ့စီနီယာတစ်ယောက်ဖြစ်တဲ့လုလီ(၃)ယောက်အတူအမှတ်ရစရာကောင်းတဲ့အထက်တန်းကျောင်းသားဘဝကိုကျော်ဖြတ်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။လူငယ်လေးတွေရင်ထဲက ခါးသီးမှု၊ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်မှုနဲ့ထိရှလွယ်တဲ့စိတ်ခံစားချက်တွေကြောင့် အချစ်နဲ့ကာကွယ်မှုတွေကိုတွန်းဖယ်မိကြတယ်။အချိန်နာရီတွေကြာလာတာနဲ့အမျှနုပျိုခြင်းတွေနဲ့ခွဲခွာကြရတယ်။ဇာတ်လမ်းရဲ့နောက်ဆုံးမှာတော့ မေ့ပျောက်ခံရတဲ့အတိတ်ကအမှတ်တရတွေကို သဲနာရီကပဲအမှတ်ရပေးနေလိမ့်မယ်ထင်ပါတယ်။အတိတ်ကိုပြန်လှည့်ကြည့်တဲ့အခါ ပြုံးနေနိုင်ဖို့လက်ရှိပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထားနိုင်ဖို့မျှော်လင့်ပါတယ်။