စုံထောက်ကြီးဒီးနဲ့နဂါးနက်အမှုဖြစ်ပါတယ်။ ဒီအမှုမှာတော့အာဏာတည်မြဲခြင်းကိုကိုယ်စားပြုနိုင်ဖို့ ဧကရီဝူကျယ်ထျန်းဟာရေလှောင်တမံတစ်ခုကိုတည်ဆောက်ပြီး ပူဇော်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ပူဇော်ပွဲမတိုင်ခင် ၃ရက်မှာ ရေလှောင်တမံဆောက်လုပ်ရေးမှာပါဝင်တဲ့အလုပ်သမားတွေ ရာချီပြီးတော့သေတဲ့အမှုဖြစ်ခဲ့ပါတယ်။အဲဒီမတိုင်ခင်မှာ ကောင်းကင်မှာနဂါးနန်းတော်ကိုမြင်ရတယ်လို့ဆိုတဲ့လူတွေရှိတာကြောင့် ဒါကနဂါးနတ်မင်းရဲ့ကျိန်စာလားဆိုပြီးထင်ယောင်ထင်မှားဖြစ်နေကြပါတယ်။ဒီးရန်ကျယ်ဟာအမိန့်တော်အရ ဒီအမှုကိုလိုက်ရင်းဒီနဂါးကျိန်စာရဲ့နောက်ကွယ်က ကြီးမားတဲ့အကြံအစည်ကိုသိလိုက်ရတာကြောင့် ပူဇော်ပွဲကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် ဧကရီဝူကျယ်ထျန်းက သူ့ရဲ့အာဏာကိုပြဖို့ပဲစိတ်အားထက်သန်နေပြီးတော့ ဖျက်သိမ်းဖို့ငြင်းဆန်ခဲ့ပါတယ်။ပြည်သူတွေရဲ့အသက်နဲ့ အာဏာကြားမှာ ဝူကျယ်ထျန်းကဘာကိုရွေးမလဲ……စုံထောက်ကြီးဒီးကရော ဒီအမှုကိုဘယ်လိုများပါးပါးနပ်နပ်ဖြေရှင်းသွားမလဲ……