The Dream Songs HD

The Dream Songs

Drama Romance HD 2023-10-25 7.333 118 Min

ကျောင်းလေ့လာရေးခရီး မထွက်ခင်တစ်ရက်အလို နေ့လယ်ခင်းမှာဂျောင်ဆယ်မီတစ်ယောက် ကျောင်းစာသင်ခန်းရဲ့ထောင့်မှာ အိပ်နေရာကနေအိပ်မက်ဆိုးတစ်ခုကြောင့် မျက်ရည်တွေနဲ့ နိုးလာခဲ့ပါတယ် ။အိပ်မက်ဆိုးကနေ နိုးထလာပြီးနောက် သူ့ရဲ့သူငယ်ချင်းထက်ပိုနေတဲ့ခံစားချက်တွေကို ဖွင့်ပြောဖို့အတွက်မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်နေတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဟာအွန်းဆီကို အပြေးအလွှားသွားခဲ့ပါတယ် ။ကျောင်းလေ့လာရေးခရီးသွားချင်ပေမဲ့ မတော်တဆမှုကြောင့်ခြေထောက်ထိသွားလို့ မသွားနိုင်တော့တဲ့ ဟာအွန်းကတော့ ဆေးရုံမှာလှဲနေကာရင်ထဲကဒဏ်ရာတွေကို ဖုံးကွယ်ထားပြီး‌ ဘာမှမဖြစ်သလိုဟန်ဆောင်နေပါတော့တယ် ။ဒီလို စိတ်ဒဏ်ရာတွေကို ဖြစ်နေတဲ့ ချစ်ရတဲ့သူဆီကိုအပြေးအလွှားသွားခဲ့တဲ့ ‌ဂျောင်ဆယ်မီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကဟာအွန်းဆီကို ရောက်ရှိနိုင်ပါ့မလား….ကပ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့ရတော့မှာကို မသိဘဲကျောင်းလေ့လာရေးခရီးအတွက် ပျော်ရွှင်စိတ်လှုပ်ရှားနေကြပြီးချစ်ခင်ရသူတွေကို နှုတ်ဆက်စကားမပြောနိုင်ခဲ့ကြတဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေရဲ့ ပုံရိပ်တွေကိုတစ်ရှုးဆောင်ပြီး ကြည့်ရှုခံစားဖို့အတွက်  ကနေ တင်ဆက်ပေးလိုက်ပါတယ်