ဒီဇာတ်ကားကတော့ မှုခင်းရုပ်ရှင်တွေကို ကြည့်ရတာကြိုက်တဲ့ပရိသတ်တွေအနေနဲ့ သဘောကျလောက်မယ့် ဇာတ်ကားဖြစ်ပါတယ်။Malaysian Crime Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့Comedy လေးတွေလည်း အနည်းငယ်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Khai နဲ့Sani တို့ သူငယ်ချင်းနှစ်ယောက်ဟာ ကုမ္ပဏီတစ်ခုရဲ့လုံခြုံရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ပြီးတော့ Khai ဟာအဲဒီကုမ္ပဏီက ဝန်ထမ်းမလေး Leha ကို ကြိတ်ကြိုက်နေတာပါ။ဒါပေမယ့် Leha က ကုမ္ပဏီကိုဟန်ပြပြီးတော့ နောက်ကွယ်မှာတရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့အကြောင်းကိုသိထားတာကြောင့် ကုမ္ပဏီရဲ့ပစ်မှတ်ထားတာကို ခံနေရပါတယ်။Leha ကို Khai နဲ့ Sani တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ရဲ့လက်ကနေဘယ်လိုတွေကာကွယ်ပေးသွားမလဲ၊ Leha ကရော ဒုစရိုက်အဖွဲ့အကြောင်းကို ဘယ်လိုရအောင်ဖော်ထုတ်မလဲဆိုတာတွေကိုရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။