ဘတ်ဂျက်နည်းနည်းနဲ့ gay porn ရုပ်ရှင်ကားထုတ်လုပ်သူAnne ဟာ သူ့ကိုစွန့်ပစ်သွားတဲ့ ချစ်သူဟောင်းလည်းဖြစ်သလိုသူ့ရုပ်ရှင်ကားတွေရဲ့ တည်းဖြတ်သူလည်းဖြစ်တဲ့ Lois နဲ့လမ်းခွဲလိုက်ရတဲ့အခါမှာ ချစ်သူကို ပြန်လည်ရယူလိုစိတ်နဲ့ပြန်လည်ရုန်းထဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။ဒါကြောင့်ပဲ Anne ဟာ သူ့အပေါ်သစ္စာရှိတဲ့ သူငယ်ချင်းဖြစ်သူArchibald ရဲ့အကူအညီနဲ့ သူ့ရဲ့စိတ်ဆန္ဒအပြင်းပြဆုံးရုပ်ရှင်ကိုရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ သူ့ရဲ့အဓိကသရုပ်ဆောင်တွေထဲကတဦးက စအိုမှာ ဓားချက်ပေါင်းများစွာနဲ့ရက်ရက်စက်စက် အသတ်ခံရတဲ့အခါ Anne ဟာ ထူးဆန်းတဲ့စုံစမ်းစစ်ဆေးမှုတခုမှာ ပါဝင်ပတ်သက်ပြီး သူ့ဘဝကို ဘယ်လိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမလဲဆိုတာ ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ဆွဲဆောင်မှုရှိရှိ ကြည့်ရှုခံစားရမယ့် Gay Pornအသားပေး ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။