The Goat Life HD

The Goat Life

Drama Adventure HD 2024-03-28 7.5 172 Min

ပရိသတ်ကြီးအတွက် မလေယာလမ်ရုံတင်ကားသစ်ကြီးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်၂၀၀၈ ထုတ် ဖြစ်ရပ်မှန်ဝတ္ထုကို ရိုက်ကူးထားတဲ့ ဒီကားလေးမှာဆိုရင်Saalar, Bade Miyan Chote Miyam တို့လို နာမည်ကြီးကားတွေထဲကမင်းသား Prithviraj Sukumaran ပါဝင်ထားပြီးရုံတင်ဝင်ငွေ ၁၆၀ ကုဋေ ရထားတဲ့အပြင် တတိယဝင်ငွေအကောင်းအဆုံးမလေယာလမ်ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ်ကနဦးအနေနဲ့ အာရပ်နိုင်ငံတိုင်းလိုလိုက ပိတ်ပင်ခဲ့ပြီး အခုလက်ရှိ ဆော်ဒီအာရေးဗျနဲ့ ကူဝိတ်လို နိုင်ငံတွေက ပိတ်ပင်ထားဆဲပါအရှေ့အလယ်ပိုင်းမှ ဆော်ဒီ၊ ကာတာတို့ကို ချမ်းသာတဲ့ ရေနံနိုင်ငံတွေအဖြစ် လူသိများကြတယ်သူတို့ဘက်က ခေါင်းဆောင်တွေကလည်း ကမ္ဘာ့အလယ်မှာ သူတို့နိုင်ငံ ဂုဏ်သတင်းကျော်ဇောစေရန်အဘက်ဘက်က လုပ်ဆောင်လာကြပေမယ့် လူအများစုရဲ့စိတ်ထဲမှာတော့ ပြစ်ချက်တစ်ခုကရှိနေတုန်းပါအဲဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ ဒီရုပ်ရှင်ဇာတ်လမ်းအကျဥ်းကို ပြောရရင် နာဂျိဘ်ဆိုတဲ့မလေယာလမ် အိန္ဒိယလူမျိုးတစ်ဦးနဲ့ ဟာကင်ဆိုတဲ့ ခပ်ငယ်ငယ်ကောင်လေးတို့ဟာ ဆော်ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြပါတယ်အေးဂျင့်စကားအရ ကုမ္ပဏီမှာ အလုပ်ရမယ် မြို့မှာနေစရာရမယ်လို့ ယုံကြည်ထားတဲ့သူတို့နှစ်ယောက် လာခေါ်တဲ့ကားနဲ့ လိိုက်လာတာ တဖြည်းဖြည်းညဥ့်နက်လို့ဝေးလံခေါင်ဖျားတဲ့ သဲကန္တရကို ရောက်သွားတယ်တစ်နေရာရောက်တော့ သူတို့နှစ်ယောက်ကို တစ်နေရာစီပို့ခံလိုက်ရပြီး ဘာသာစကားလည်းမသိ၊ပြောဆိုဆက်ဆံစရာ ကုလားအုတ်တွေပဲ ရှိတဲ့ သဲကန္တာရမှာ ပင်ပန်းဆင်းရဲကြီးစွာကျွန်လိုအလုပ်လုပ်ရင်း အိမ်ပြန်လမ်းကို ပြန်တွေ့နိုင်ဦးမှာလား ဆိုတာကတော့ …..