မတော်တဆမှုတစ်ခုမှာ မောင်ဖြစ်သူသေဆုံးပြီး ကိုယ်တိုင်မျက်စိကွယ်ခဲ့ရတဲ့စီဘီအိုင်အရာရှိကောင်မလေး ဒူရ်ဂါဟာ မျက်စိကွယ်ခဲ့ရတဲ့အတွက်စီဘီအိုင်(ရဲ)အလုပ်ကိုလည်း ဆက်မလုပ်နိုင်တော့ဘဲ ဘဝကို သိမ်ငယ်စွာဖြတ်သန်းနေခဲ့တယ်…တစ်ရက် ကားငှားပြီးစီးလာရင်းနဲ့ ဒါရိုက်ဘာက လူတစ်ယောက်ကို တိုက်မိသွားတယ်..ခွေးတစ်ကောင်ကို တိုက်မိတာပါလို့ ယာဉ်မောင်းက လိမ်ပေမယ့်လည်းစီဘီအိုင်အရာရှိဟောင်းဖြစ်တဲ့ဒူရ်ဂါအဖို့ မျက်စိမမြင်ပေမယ့်လည်း အဖြစ်မှန်ကို လွယ်လွယ်ခန့်မှန်းမိနေပါတယ်…လူကိုပါ ရန်ရှာလာတော့ ရဲစခန်းမှာ အမှုလာဖွင့်တယ်….မျက်မမြင်တစ်ယောက်ရဲ့တိုင်ချက်ဆိုတော့ အရေးမလုပ်ကြဘူးအဲ့ဒီခစန်းမှာလည်း ဘယ်သူကမှ လေးစားမှုမရှိတဲ့ အူတူတူ အက်စ်အိုင်အရာရှိတစ်ယောက်ရှိတယ်…သူကလည်း စခန်းကလူတွေလေးစားခံရဖို့ ဒီအမှုကိုကိုင်တွယ်ချင်တော့မျက်မမြင်စီဘီအိုင်အရာရှိဟောင်း ဒူရ်ဂါဆီမှာ ပြန်ပြီးအကြံဉာဏ်လာတောင်းတယ်…သူတို့နှစ်ဦးပေါင်းပြီး ဒီအမှုကို စုံစမ်းရင်းနဲ့မှ…..မကြည့်ဖူးတဲ့လူတွေအဖို့ Thriller ကား ကောင်းပီပီ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။ကြည့်ပြီးသားလူတွေအဖို့လည်း ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ပြန်လည်ဖန်တီးထားတဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။