မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာလူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာကတော်တော်လေးသဘောကောင်းပြီးတော့သနားကြင်နာတတ်တယ်လို့လူသိများပါတယ်။ဇာတ်လမ်းကတော့အဲဒီရွာမှာအချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်ကချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီးရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။ရတနာရှာရင်းနဲ့ သုံးယောက်လုံးတရားခံမသိရဘဲထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်းဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို ရောက်လာကြပါတော့တယ် ။ဒါပေမဲ့ လူသတ်မှုတွေကို အဖြေရှာမရသေးဘဲနောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့…သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ?ရွာသားတွေပြောနေသလိုအငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ?ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကိုဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး