မင်းသားကြီး ရက်ဆဲခရိုးဟာ အန်သိုနီ(တိုနီ) ဆိုတဲ့မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။ အရက်တွေစွဲဆေးလိပ်တွေစွဲ မိန်းမကသေ၊ သမီးက စိတ်နာတာခံနေရပြီးဘဝပျက်နေတာပါ။ ဒီလိုနေ့ တစ်နေ့မှာ နတ်ဆိုးတစ်ကောင်အကြောင်းရိုက်မဲ့ ဟော်ရာရုပ်ရှင်တစ်ခုမှာ မင်းသားအဖြစ်အရွေးခံလိုက်ရပါတယ်။ အဲဒီရုပ်ရှင်ကိုရိုက်နေရင်းပဲကံဆိုးတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပြီး မိစ္ဆာပူးသလိုကိစ္စတွေကြုံလာတာကို ပြထားတာပါ။ သရဲပူးသရဲနှင်ဟော်ရာကားကိုပဲ စတိုင်တစ်မျိုးနဲ့ရိုက်ထားတာဖြစ်လို့ခံစားကြည့်လိုက်ပါဦး။