The New One-Armed Swordsman HD

The New One-Armed Swordsman

Action Drama History War HD 1971-02-07 6.771 102 Min

ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့လူတော်တော်များများသိကြမယ့် David Chiang ကားလေးပါဒီဇာတ်လမ်းလေးထဲမှာတော့ သိုင်းလောကမှာဖြောင့်မတ်မှန်ကန်တဲ့သူရဲကောင်းလို့ နာမည်အတွင်ခံချင်လို့တက်သစ်စထူးချွန်တဲ့သိုင်းသမားလူငယ်တွေကိုထောင်ချောက်ဆင် သတ်ဖြတ်နေတဲ့ လုံယိကျီး။သူ့ထောင်ချောက်ထဲမှာပထမဆုံးကျဆင်းသွားတဲ့လူကတော့ ဓါးနှစ်လက်သုံးပြီးတိုက်ခိုက်တဲ့နေရာမှာထူးချွန်ပြောင်မြောက်တဲ့ ဓါးနှစ်လက်လူငယ်သိုင်းသမားလေလိတစ်ယောက် ထောင်ချောက်ထဲကျသွားပြီလုံယိကျီးနဲ့သိုင်းယှဉ်ပြိုင်ခဲ့ချိန်မှာ အလောင်းအစားအနေနဲ့ရူံးတဲ့လူ လက်တစ်ဖက်ဖြတ်ပြီးသိုင်းလောကကနထွက်သွားဖို့ လောင်းကြေးထပ်ခဲ့ကြတယ်။နောက်ဆုံးမှာတော့လေလိတစ်ယောက် လုံယိကျီးရဲ့အကွက်သုံးကွက်သိုင်းကွက်ရဲ့ဒုတိယအကွက်မှာကျရူံးသွားပြီးလက်တစ်ဖက်ဖြတ်ကာ သိုင်းလောကကနေထွက်သွားပြီးသာမာန်လူဘဝအနေနဲ့ နေထိုင်ခဲ့တယ်။ ဒီလိုနဲ့လုံယိကျီးတစ်ယောက်တော့ သူ့နာမည်ကျော်ဇော်ဖို့အရေးရှိသမျှသိုင်းလောကသားလူငယ်တွေကိုတစ်ယောက်ပြီးတစ်ယောက်ဒီနညမ်းလမ်းအတိုင်း အသုံးချသတ်ခဲ့တာပေါ့။ဒီလိုနဲ့ တစ်နေ့လေလိလိုမျိုး ဓါးနှစ်လက်မှာထူးချွန်တဲ့သူရဲကောင်း ဖုန်းကျွင်းကျဲသူရဲကောင်းထပ်မံထွက်ပေါ်လာပြန်တယ်။သူကိုလည်း ထိုနည်းတူစွာထပ်ထောင်ချောက်ဆင်သတ်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲ။