Higuita HD

Higuita

Drama Science Fiction HD 2012-11-07 5 67 Min

ပန်ညာနိုဒ်မူကွန်ဒါ’ တဲ့ ကန်နူရ်မြို့မှာတည်ရှိတဲ့ဒီလူက သူ့ရှေ့ကားပိတ်ရပ်ရင်တောင်ပိတ်ရပ်တဲ့ကောင်အသေပါ ဒီလောက်တောင်အာဏာရှိတဲ့နိုင်ငံရေးသမားတစ်ယောက်သူ့ကိုကာကွယ်ပေးတဲ့ဘော်ဒီဂတ်တိုင်းလိုလို လုပ်ကြံခံရပြီး သေဆုံးတတ်တာကပုံမှန်လိုတောင်ဖြစ်နေလေရဲ့ သတင်းစာတွေ TV သတင်းတွေမှာဆို ‌မတွေ့ချင်မှအဆုံးပေါ့အယာပါဒါ့စ် သူကတော့ဖခင်ဆုံးသွားပြီးနောက် လေလွင့်နေသူတစ်ဦး ဖခင်ကရဲဝန်ထမ်းဖြစ်လို့စည်းမျဉ်းအရဆက်ဆံသူက ၂နှစ်အတွင်းတာဝန်ဆက်လက်ထမ်းဆောင်ခွင့်ရှိပေမဲ့ ရဲအလုပ်ကိုကြောက်လို့မလုပ်ချင်လို့ဆိုတဲ့အကြောင်းနဲ့ပတ်ရှောင်လာခဲ့တာ နှစ်အတော်ကြာသွားတာပေါ့ နောက်ဆုံးအမေဖြစ်သူကကျိန်ဆဲပါလေရော သူ့ထက်အငယ်သမီးမိန်းကလေးရှိသေးတော့ နင့်ညီမကိုပဲ ရဲထဲဝင်ခိုင်းမယ်နင်ကသုံးစားမရဆိုပြီးပြောတာကျ သူကလက်သင့်မခံပါဘူး ဒီလိုနဲ့ သူတို့မြို့ကပါတီခေါင်းဆောင်ကိုအကျိုးအကြောင်းသွားပြောပြီး အဖေရဲ့ရာထူးကို သူ့ကိုပေးဖို့အပူကပ်ရတော့တယ်နိုင်ငံရေးဆိုတော့လည်း အပေးရှိအယူရှိရတာပေါ့သူကဘာပြန်ပေးရမလဲဆိုတော့ ကန်နူရ်ကိုသွားပြီး ပန်ညာနိုဒ်မူကွန်ဒန်ကို ဘော်ဒီဂတ်သွားလုပ်ပေးရမှာပါသူငယ်ချင်းတွေကလည်း မင်းသွားတာနဲ့သေမှာဆိုပြီးဝိုင်းတား တစ်ဖက်ကလည်း ပါတီကိုကတိပေးပြီးသားဖြစ်နေလေတော့အယာပါတစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ သွားတိုင်းသေတဲ့‌ဒီရာထူးကို သူကိုင်တွယ်နိုင်မှာလားဆိုတာကိုတော့ ။။။