Revolutionary Road FHD

Revolutionary Road

Drama Romance FHD 2008-12-19 6.985 119 Min

ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ စာအုပ်တစ်ရာ အတွင်း ပါဝင်ခဲ့တယ်လို့ အင်တာနက် မှတ်တမ်းများအရ သိရပါတယ်။ ဒီ Revoultionary road နဲ့ ပါတ်သတ်ပြီး ရစ်ချက်က အင်တာဗျူး တစ်ခုမှာ … “ကျွန်တော် ဒါကို ရေးခဲ့တာ (၁၉၅၀) ခုနှစ်များဆီက အမေရိကန်တွေရဲ့ ဘဝတွေကို ပုံဖော်ပြချင်တာထက် ပိုပါတယ်။ ခင်ဗျားတို့လည်း သိမှာပါ။ အဲဒီကာလတွေ တုန်းက ဆင်ခြေဖုန်းရပ်ကွက်တွေမှာ နေတဲ့ သာမန် လူတန်းစား အလွှာ တစ်ခုတင် မကပါဘူး။ တစ်နိုင်ငံလုံးမှာ ကြပ်တည်းမှုတွေ၊ ရုန်းကန်ရပ်တည်ရတာတွေ၊ ဘဝအာမခံချက်မရှိ၊ လုံခြုံမှု မရှိတဲ့ အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်ခဲ့ရတာ မှတ်လား” ဆိုပြီး ဖြေကြားသွားပါတယ်။အဲဒီခေတ်ကာလ က လူနေမှုပုံစံတွေကို ထင်ဟပ်ပြတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းတစ်ခုပေါ့။ (၁၉၅၀) နှစ်များဆီက အမေရိကန် တောင်ပိုင်းပြည်နယ် တစ်ခုရဲ့ မြို့ တစ်မြို့မှာ Frank နဲ့ April တို့ နှစ်ဦးက Bar တစ်ခုမှာ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တယ်။ အဲဒီ အချိန်မှာ ဖရန့်ခ် က အလုပ်ကိုင် မယ်မယ်ရရမရှိ ကြုံရာကျပန်း လုပ်နေရသလို၊ အေပရယ်ကလည်း မင်းသမီးဖြစ်ချင်လို့ ကြိုးစားနေဆဲ ကာလ၊ အေပရယ်ကို လက်ထပ်ပြီး ဖရန့်က ကုမ္ပဏီ တစ်ခုမှာ အရောင်းစာရေးနေရာက ဝင်လုပ်တယ်။ နောက်ပိုင်း အေပရယ် ကိုယ်ဝန်ရလာတဲ့ အချိန်ကျမှ ဆင်ချေဖုန်းရပ်ကွက် တစ်ခု ရဲ့ Revolutionary road လို့ အမည်ရတဲ့ လမ်းက နေအိမ်ကို ပြောင်းရွှေ့ပြီး နေထိုင်ခဲ့ကြပါတယ်။(သူတို့နဲ့ တစ်ရပ်ကွက်တည်း နေတဲ့အိမ်နီးချင်းတွေကတော့ ရုန်းကန်ရပ်တည်ရမှုတွေနဲ့ အသားကျနေတဲ့ Revolutionary လမ်း က မိသားစုတွေထဲ မှာ သူတို့ ဇနီးမောင်နှံက အဒီ အခြေအနေတွေကို တော်လှန်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်သည် ဘ၀ တွေကို ထူထောင်နိုင်သူများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။)