Pagalariyaan HD

Pagalariyaan

Thriller HD 2024-05-24 8.3 0 Min

ဒီဇာတ်ကားလေးကလည်း အချစ်ကိုအနှစ် ချစ်သူကို ဘဝရဲ့အလင်းရှင်လို့သတ်မှတ်မိတဲ့မိန်းကလေးရဲ့အကြောင်းပေါ့။ အဖေရော သူငယ်ချင်းတွေက တားနေတဲ့ကြားကနေအချစ်ကိုရှေ့တန်းတင်ပြီးတော့ ချစ်သူဝုဖ်ခေါ်ဆောင်ရာကို မိုင်သီလီတစ်ယောက်ကောက်ကောက်ပါအောင် ခိုးရာလိုက်သွားတာပေါ့။ တစ်ဖက်က အစ်ကိုဖြစ်သူလူမိုက်ဂိုဏ်းခေါင်းဆောင်ကလည်း ဒီညီမလေးတစ်ယောက်ရှိတာဆိုတော့ အသည်းအသန်သူ့လူတွေကိုလွှတ်ရင်းနဲ့လိုက်ရှာ၊ အဖေကလည်း ဒီသမီးလေးကိုစိုးရိမ်စိတ်နဲ့ဗျာများနေရတဲ့အချိန်…တစ်ဖက်ကလည်း အခွင့်ကြုံတာနဲ့ တွယ်ချင်တဲ့ ပြိုင်ဘက်ဂိုဏ်းတွေက ငယ်သား‌တွေ မရှိနေတဲ့ ဆိုင်းလန့်ဆီကိုလုပ်ကြံရေးသမားတွေလွှတ်လိုက်တာပေါ့။ ဒါပေမဲ့ မိုင်သီလီတစ်ယောက် ဘဝရဲ့အလင်းရှင်ရယ်လို့သတ်မှတ်ထားတဲ့ဝုဖ်က တကယ်တော့ နာမည်နဲ့လိုက်အောင် မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးဖြစ်နေတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ မထင်မှတ်ထားတဲ့ ဘယ်လိုplot twistတွေပါဦးမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။