Inga Naan Thaan Kingu HD

Inga Naan Thaan Kingu

Comedy Thriller HD 2024-05-11 8.3 131 Min

IMDb- 5.9/10 ဒီတစ်ခါမှတော့ မိန်းမရှာပုံတော်ထွက်ရင်း တလွဲတွေဖြစ်ရတဲ့ဟာသဇာတ်မြူးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မွမ်ဘိုင်းမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးတော့ လူရာနဲ့ချီသေဆုံးရပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေပါတယ်။ဒီဖြစ်စဉ်ဟာ အကြမ်းဖက်သမားတွေကြောင့်ဖြစ်တာလို့ ရဲဘက်မှ ကြေညာထားပြီးနောက်ထပ် ဗုံးပေါက်ကွဲမှုက ချန်နိုင်းမှာ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ဒီလိုကိစ္စတွေ ဖြစ်နေတဲ့အချိန်မှာ အိမ်တစ်လုံးပိုင်ဆိုင်ပြီးရင် အိမ်ထောင်ပြုရတယ်ဆိုတဲ့အဆိုစကားကြောင့် ဗီထရီဟာ သူငယ်ချင်းဖြစ်သူဆီကနေ ပိုက်ဆံ၂၅သိန်းချေးပြီးအိမ်ဝယ်လိုက်ပေမယ့် လူပျိုကြီးပဲဖြစ်နေတုန်းပါပဲ။အိမ်ထောင်ပြုတဲ့အခါ ခန်းဝင်ပစ္စည်းအနေနဲ့ အိမ်ဝယ်လို့ အကြွေးတင်နေတဲ့၂၅သိန်းရမှဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်ဘက်လိုက်ရှာပေမယ့် အဆင်မပြေခဲ့ပါဘူး။ဒီလိုနဲ့ အောင်သွယ်နဲ့ရှာတာ အဆင်မပြေတဲ့နောက် ကိုယ်တိုင်အောင်သွယ်အေဂျင်စီတစ်ခုမှာအလုပ်ဝင်ရင်း ရှာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အောင်သွယ်ဆီကနေရာသီနာပူရီဂျာမင်က တော်ဝင်မိသားစုဆီကနေ ကမ်းလှမ်းချက်ရလာတယ်ပြောလို့ သွားတွေ့ရာကနေ ချက်ချင်းပဲ အိမ်ထောင်ပြုဖို့ ဖြစ်လာရင်းနဲ့ ……. ဗီထရာရဲ့ အိမ်ထောင်ဖက်နဲ့ရော ဘယ်လိုဆက်ဖြစ်မလဲ ….ဗုံးပေါက်ကွဲမှုတွေနဲ့ ဗီထရီက ဘယ်လိုဆက်စပ်သွားမှာလဲ ….. ရုတ်တရက်ကြီး ဆောင်လိုက်ရတဲ့ အိမ်ထောင်ရေးကရော အဆင်ပြေပါ့မလား… ဆိုတာတွေကိုဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။