Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ဇာတ်ကြမ်းကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဗန်ကတ်ဆိုတဲ့ကောင်လေးရဲ့ မိဘတွေက အကြွေးပူတဲ့ဒဏ် မခံနိုင်တဲ့အဆုံးမှာကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြတယ်။ဒီမှာပဲ ဗန်ကတ်အဖေရဲ့ မိတ်ဆွေတစ်ယောက်က စီးပွားရေးအဆင်မပြေတဲ့ကြားထဲကဗန်ကတ်တို့မိသားစုရဲ့ အကြွေးတွေဆပ်ပြီး ဗန်ကတ်ကို သူ့သားနဲ့ တတန်းထဲထားပြီးသားအရင်းတယောက်လို ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ညီကိုနှစ်ယောက်လုံး အရွယ်ရောက်လာချိန်မှာ အောင်မြင်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့အတူဟိုက်ဒရာဘတ်မြို့ကြီးကိုထွက်လာခဲ့ကြပေမဲ့ ဘ၀က မလွယ်ကူခဲ့။သူတို့လိုပဲ ဟိုက်ဒရာဘတ်ကိုပြောင်းရွှေ့လာခဲ့ပြီး တန်ခိုးထွားနေတဲ့ မြို့တော်ဝန်တို့ညီကိုနှစ်ယောက်လည်းရှိနေခဲ့ပါတယ်။ဗန်ကတ်တစ်ယောက် သူ့ကို သားအရင်လိုစောင့်ရှောက်ခဲ့တဲ့ ဖခင်အိုကြီးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ကြိုးစားရင်းနိုင်ငံရေးသမားတွေ၊ ရဲတွေ၊ လူဆိုးဂိုဏ်းတွေကြားထဲမှာ အန္တရာယ်တွေရင်ဆိုင်ရပါတော့တယ်။