ဒီတစ်ခါမှာတော့ မူးယစ်နှိမ်နင်းရေး ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင် ထုံးစံအတိုင်းပဲပေါ့နော်…မူးယစ်ဆေးဝါးကို ရောင်းဝယ်ဖို့အတွက် နယ်စပ်ဒေသလမ်းကြောင်းကိုဒုစရိုက်သမားတွေက အသုံးပြုတော့ နယ်စပ်ဒေသမှာ ဖြစ်တဲ့ ဇာတ်လမ်းလေးပေါ့…သူတို့သယ်သွားမယ့်ဒေသကိုတော့ မပြောထားပေမယ့်…တရုတ်နယ်စပ်ဒေသဖြစ်ပြီး တောပျော်တွေ အမဲလိုက်ကျက်စားရာ နေရာလေးမှာပေါ့…အဓိကကတော့ ပိုပြင်းပြီး ပိုအရသာကောင်းတဲ့ မူးယစ်ဆေးအမျိုးအစားသစ်ကို ဖော်စပ်ဖို့အတွက် လျို့ဝှက်နည်းကိုရှာဖွေတာမို့ တောပျော်အမဲလိုက်အဖွဲ့ရဲ့ လမ်းပြမှုကို လိုအပ်နေတာကြောင့်ပါ…တိုက်တိုက်ဆိုင်ဆိုင် မူးယစ်ဆေးဒုစရိုက်အဖွဲ့မှာလည်းအဖေနဲ့ မွေးစားသား နှစ်ဦးရဲ့ တင်းမာမှုကြောင့်ကြေးစားလူသတ်သမားအဖွဲ့ပါ ပါဝင်လာခဲ့တာပေါ့…