Batman vs. Robin HD

Batman vs. Robin

အတိတ်မှာ ဘရုစ်ဝန်းသိခဲ့တာတစ်ခုရှိတယ်။ အဲဒါကတော့ဂေါ့သမ်မြို့မှာ လူချမ်းသာတွေနဲ့အာဏာရှိတဲ့လူတွေစုပြီးဖွဲ့ထားတဲ့ ဇီးကွက်အဖွဲ့အစည်းဆိုတာရှိခဲ့တယ်။ဒါပေမယ့် ဘယ်သူမှမမြင်ဖူးတော့ ပုံပြင်သာသာပဲဖြစ်နေပါတယ်။ကြီးလာတော့ဒေမီယမ်ဝန်းဟာ ရော်ဘင်အဖြစ် ဘတ်မန်းဘေးကနေ အမှုတွေကိုကူလိုက်နေခဲ့ပါတယ်။ဒါပေမယ့် ဒေမီယမ်ဟာအတော်လေးငယ်သေးတဲ့အတွက် ဒစ်ဂရေဆန်(Nightwing) လိုမျိုး မရင့်ကျက်သေးပါဘူး။အားလုံးသိတဲ့အတိုင်း ဂေါ့သမ်မြို့ကြီး ကအရမ်းကိုအန္တရာယ်များလှပါတယ်။ မဖြစ်သင့်တာတွေမဖြစ်ရအောင်ကာကွယ်တဲ့အနေနဲ့ ဒေမီယမ်ကို အိမ်ထဲကနေအိမ်ပြင်မထွက်ခိုင်းခဲ့ပါဘူး။ ဒါပေမယ့်လည်းခိုးထွက်ခဲ့တာပါပဲ။ထွက်ရင်းနဲ့မှ ဇီးကွက်အဖွဲ့အစည်းက တာလွန်တစ်ယောက်နဲ့သွားတွေ့ခဲ့ပါတယ်။ငယ်သေးတဲ့ ရော်ဘင်လေးဟာအမှန်နဲ့အမှားကိုဆင်ခြင်နိုင်စွမ်းနည်းပါးပြီး ဘက်မှားခဲ့ပါတယ်။ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ဆက်ပြီးကြည့်လိုက်ကြပါ။အချိန်ပေးကြည့်ရတာ တန်မယ့်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။