Requiem for the American Dream HD

Requiem for the American Dream

Documentary HD 2015-04-18 7.6 73 Min

အေဗရမ် နွန်ချန့်စကီး ဟာ ဂျူးလူမျိုး အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့တော့ အလုပ်သမားတွေရဲ့ အရေးကိုအလေးထားဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမားတွေကြားမှာ လွတ်လပ်စွာပြောဆိုခွင့် နဲ့အသင်းအဖွဲ့ထူထောင်ခွင့်ရှိရမယ်ဆိုတဲ့ မူဝါဒကို စွဲကိုင်ထားသူပါ။ပြီးတော့ နိုင်ငံရေးလောကကြီးကို ဓနရှင် လုပ်ငန်းရှင် လူနည်းစုက နည်မျိုးစုံသုံးကာလက်ဝါးကြီးအုပ်ချယ်လှယ်ထားတယ်လို့ တစိုက်မတ်မတ်ပြောဆိုခဲ့ပါတယ်။အဲဒီအချက်ကိုဒီရုပ်ရှင်ထဲမှာလည်း အချက်အလက်စုံစုံလင်လင်နဲ့ ဖော်ပြထားပါတယ်။အဲဒီလို လူနည်းစုကလုပ်ချင်တိုင်းလုပ်နေတာကို လူထုကသိရှိပြီး စုပေါင်းအင်အားနဲ့တွန်းလှန်မှသာ ဖိနှိပ်ခံရတာ ဆင်းရဲတွင်းနက်တာ နဲ့တန်းတူညီမျှမှု မရှိတာ စတဲ့အခက်အခဲတွေပြေလည်နိုင်လိမ့်မယ်လို့လည်းဆိုပါတယ်။ဒီမှတ်တမ်းရုပ်ရှင်ဟာဆိုရင် ချန့်စကီးကို လေးနှစ်ကျော်လောက် အင်တာဗျူးတွေလုပ်ခဲ့ပြီးအဲဒီထဲကမှ ကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့သူ့ရဲ့အယူအဆတွေကိုကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင်ဖော်ပြထားပြီး လူတွေသိပ်မသိတဲ့နိုင်ငံရေးလောကရဲ့လှည့်ကွက်တွေ နဲ့ သူတို့ရဲ့ဦးတည်ချက်တွေ သူတို့ကြောက်လန့်တဲ့အကြောင်းတရားတွေကဘာတွေပါဆိုတာကို သိမြင်လာမှာပါ။အမေရိကန်နိုင်ငံလို လွတ်လပ်မှုအရှိဆုံးလို့ကြွေးကြော်ထားတဲ့နိုင်ငံမှာတောင် ဓနရှင်တွေရဲ့ပြည်သူအပေါ်ဖိနှိပ်မှုက ပုံစံမျိုးစုံနဲ့ ခေတ်အဆက်ဆက်တည်ရှိခဲ့ပါတယ်။ဥပဒေကို လိုတစ်မျိုး မလိုတစ်မျိုး အလျှော့အတင်းလုပ်ကြတာတွေ ကိုယ်ကျိုးကိုပဲရှေ့တန်းတင်ကြတာတွေ နဲ့ နိုင်ငံမှာအခက်အခဲကြုံရတဲ့အခါ ပြည်သူကိုချနင်းဖို့ပဲ ကြိုးစားကြတာမျိုး‌တွေပါ။နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေ စိတ်ဝင်စားရတော့မှာပါလားလို့ အတွေးပေါ်လာတဲ့သူတွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။သူပြောတဲ့ အယူအဆတွေ သူ့ခံယူချက်တွေကို သဘောမကျဘူးဆိုရင်တောင် ကြည့်မိလို့နောင်တမရစေရဘူးလို့ အာမခံပါတယ်။ 2015 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 8 ရှိထားပါတယ်။ 2017 ခုနှစ်မှာတော့ အဆိုပါနာမည်နဲ့ပဲ စာအုပ်အဖြစ်ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။နာမည်ကြီးလူသိများတဲ့ ဘာသာဗေဒ ပညာရှင် တက်ကြွလှုပ်ရှားသူနဲ့ဝေဖန် ရေးသမား တစ်ယောက်ပါ။ ခေတ်သစ်ဘာသာဗေဒ ပညာရပ်ရဲ့ဖခင်ကြီးလို့တောင်ပြောစမှတ်ပြုကြပါတယ်။ မက်ဆာချူးဆက် နည်ပညာကျောင်းရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်လက်ရှိတာဝန်ထမ်းဆောင်နေပြီး ပညာရပ်ဆိုင်ရာစာအုပ်တွေ နဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာစာအုပ်ပေါင်း ၁၅၀ ကျော်ကိုလည်းရေးသားပြုစုခဲ့ပါတယ်။