The Exorcist III HD

The Exorcist III

Horror Mystery HD 1990-08-17 6.223 110 Min

ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လက်ဖတင်နင် ဘေလ်ကင်မ်ဒါမန်းနဲ့ ဖာသာဒိုင်ယာတို့ရဲ့မိတ်ဆွေဖာသာဒေမီယန်ကဲရက်စ် သေဆုံးပြီး ၁၅နှစ်အကြာမှာ ဇာတ်အိမ်စတည်ထားပါတယ်။ဝါရှင်တန်ဒီစီ ဂျော့ဂျ်တောင်းမှာ သောမတ်စ်ကင်ထရီလို့ခေါ်တဲ့ ၁၂နှစ်အရွယ် လူမဲကောင်လေးအသတ်ခံရမှု စတင်ပေါ်ပေါက်လာပါတယ်။ ဘေလ်ကင်မ်ဒါမန်းဟာ ဒီအမှုကို ဆက်စုံစမ်းနေပါတယ်။ဒီလိုနဲ့ နောက်ထပ် ဖာသာတစ်ယောက်အသတ်ခံရမှု ပေါ်ပေါက်လာပြန်ပါတယ်။ အသတ်ခံရမှုတွေမှာစဉ်းစားစရာက သေဆုံးသူတွေဟာ ဆက်စနိုင်းကိုလင်း ဆေးထိုးခံထားရခြင်းနဲ့ အသတ်ခံကြရတဲ့ပုံစံဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ ကြောက်စရာအကောင်းဆုံး လူသတ်သမား The Gemini killer ကတော့လွန်ခဲ့တဲ့ ၁၅နှစ်ကျော်က လျှပ်စစ်ထိုင်ခုံမှာ သေဆုံးသွားခဲ့ပါပြီ။ဒါဆိုရင် အခုဖြစ်နေတဲ့ လူသတ်မှုတွေရဲ့ တရားခံဟာ ဘယ်သူလဲပေါ့…ဘေလ်ကင်မ်ဒါမန်း တစ်ယောက်လူသတ်သမားကို ရှာရင်းဘာတွေကြုံတွေ့ရမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။စိတ်ဝင်စားစရာနဲနဲလောက်ပြောပြရမယ်ဆိုရင်ဘေလ်ဟာ ဆေးရုံမှာဖြစ်တဲ့လူသတ်မှုအကြောင်းစုံစမ်းရင်း စိတ္တဇဆောင် အခန်းနံပါတ် ၁၁မှာ ထူးဆန်းတဲ့ လူနာတစ်ယောက်နဲ့ တွေ့ရပါတယ်။လူသတ်မှုတွေက ဒီလူနာနဲ့ရော ပတ်သတ်လား၊ နတ်ဆိုးလား မကောင်းဆိုးဝါးလား၊ အဓိကရန်သူဘယ်သူလဲဆိုတာ သိချင်စိတ်လေးတွေဖြစ်နေပြီမလား။ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကို စိတ်ခြောက်ခြားစရာ horror ဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။horror မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ The Exorcist ရဲ့ နံပါတ် ၃ ကားမြောက် ဇာတ်လမ်းဆိုတဲ့အတိုင်းhorror ကို အပြည့်အဝခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ writer နဲ့ director ကတော့ rating 8.1 အထိတောင် ရရှိခဲ့တဲ့The Exorcist (1973) ရဲ့ writer လည်းဖြစ် အော်စကာဆုရှင်လည်းဖြစ်တဲ့William Peter Blatty ပဲ ဖြစ်ပါတယ်။၁၉၉၀ ကထွက်ထားတဲ့ ဇာတ်လမ်းပါ၊ ကဲ ဟောင်းပေမယ့်လည်း ကောင်းနေဆဲ…horror ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ခံစားကြည့်ရှုလိုက်ကြပါဦး။