Intruders HD

Intruders

Drama Horror Thriller HD 2015-06-12 5.9 90 Min

ဒီနေ့တော့ 2015 မှာထွက်ခဲ့တဲ့ Intruders ဆိုတဲ့ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်Horror/Mystery အမျိုးအစား ဖြစ်ပြီးတော့IMDB 5.7/10 နဲ့ rotten tomatoes 50% ရရှိထားပါတယ်OverviewAnna ဟာ agoraphobia ဆိုတဲ့ အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ စိတ်ရောဂါခံစားနေရသူပါ.အိမ်မှာလည်း သူမနဲ့ ကင်ဆာရောဂါခံစားနေရတဲ့ အကိုနဲ့ မောင်နှမ နှစ်ယောက်တည်းနေထိုင်ကြပါတယ်.မကြာခင်မှာပဲ အကိုဖြစ်သူ ဆုံးပါးသွားပြီး ကျန်ခဲ့အိမ်နဲ့ပိုက်ဆံတွေကို Anna အတွက်အမွေချန်ထားခဲ့ပါတယ်.အကိုဖြစ်သူရဲ့ ဇာပနနေ့မှာတော့ Anna ဟာ သူ့စိတ်ရောဂါအခြေအနေကြောင့် ဇာပနကို မသွားနိုင်ခဲ့ပါဘူး.အဲ့နေ့မှာပဲ Anna ဇာပနရောက်နေတယ်ထင်ပြီး ကျန်ခဲ့တဲ့ ပိုက်ဆံတွေကိုယူဖို့ လူ ၃ ယောက်ဖောက်ထွင်းဝင်ရောက်လာခဲ့တဲ့ အခါမှာတော့…Anna ဟာ ဒီစိတ်ရောဂါကိုဘာလို့ခံစားနေရတာလဲ…အတိတ်မှာရော ဘာတွေဖြစ်ပျက်ခဲ့တာလဲ…ဒီအိမ်ကြီးရဲ့နောက်ကြောင်းကရော သူတို့ထင်သလို ရိုးရှင်းတဲ့အိမ်အိုကြီးပဲလား…ဖောက်ထွင်းဝင်လာတဲ့ လူ ၃ ယောက်အပြင် Anna ကိုစိတ်ပူတဲ့သူငယ်ချင်းကပါရောက်ရှိလာချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး.(ဆဲရေးတိုင်းထွာတဲ့ စကားလုံးများစွာနဲ့ သွေးထွက်သံယို scene အနည်းငယ်ပါဝင်တာကြောင့်ကလေးငယ်နှင့်မိသားစုများချင့်ချိန်ကြည့်ရှုကြပါရန်)