အဝေးရောက်ချစ်သူဆိုတဲ့ဘဝကို ကိုယ်တိုင်ကြုံဖူးခဲ့ရတဲ့သူတွေ စာနာနားလည်နိုင်မဲ့သာမန်ရိုးရှင်းတဲ့ အချစ်ဇာတ်ကားလေးတစ်ခုပါ…ချစ်ရသူနဲ့ ဝေးဝေးမှာ အချိန်အကြာကြီးနေရဖို့ဆိုတာကိုဘယ်သူမှ မလိုလားပေမဲ့ ရှောင်လွှဲလို့မရတဲ့အကြောင်းတွေကြောင့် မတတ်သာတဲ့ ရွေးချယ်မှုကိုပြုလုပ်ခဲ့ကြရသူချည်းပါပဲ…အဲဒီလိုအဝေးရောက်ချစ်သူဘဝနဲ့ သုံးနှစ်တာနေထိုင်ပြီးနောက်နောက်ဆုံး ချစ်သူ “ဂယ်ရီ” ရှိရာ ဂျာကာတာကိုပြန်လာနိုင်ခဲ့တဲ့ ဒင်ဒါ ဆိုတဲ့ကောင်မလေး“အခုကစပြီး ပျော်စရာတွေပဲရှိတော့တယ်…အခုချိန်က ပျော်ရွှင်စရာဇာတ်ကြောင်းလေးရဲ့ အစပဲ..ချစ်ရသူနဲ့ အတူတူ ပျော်ပျော်ကြီးနေမယ်” ဆိုတဲ့ ဒင်ဒါတစ်ယောက်ချစ်ရသူနဲ့ ပြန်တွေ့တဲ့အခါ ထင်ထားသလို မပျော်ရွှင်ရဘဲရန်တွေဖြစ်ရင်း ပြန်အဆင်ပြေလိုက်ရင်းနဲ့ စိမ်းကားလာကြပါတယ်…အဲဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲ…ချစ်သူတွေ အနေဝေးသွားလို့ပဲလား…အနေဝေးတဲ့ချစ်သူတိုင်း ဝမ်းနည်းဖွယ်ရာဇာတ်သိမ်းနဲ့ပဲကြုံတွေ့ရတာလားဆိုတာကို ဒီကားလေးကြည့်ရင်းအဖြေရှာနိုင်ကြမှာ ဖြစ်ပါတယ်…