Human Lost HD

Human Lost

Action Science Fiction Animation HD 2019-10-22 5.152 110 Min

လူတစ်ယောက်က ဆေးပညာအကူအညီမပါဘဲ နှစ်ရာကျော်တဲ့အထိ‌ နေနိုင်ပါတယ်လို့ပြောရင်လူကြီးမင်းတို့ အံ့ဩမိကြမှာလား အခုတစ်ကြိမ် ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့သိပ္ပံစိတ်ကူးယဉ် ဂျပန် anime ‌ထဲမှာတော့ ဖြစ်နိုင်ပါတယ်Plot အနေနဲ့ကတော့ နည်းပညာတွေ အလွန့်အလွန်တိုးတက်ထွန်းကားနေတဲ့ ခေတ်ကာလကိုဇာတ်ကြောင်းတည်ထားပါတယ် သေသူကိုတောင် ပြန်ရှင်စေပြီး လူတွေကို သာမန်သက်တမ်းထက်နှစ်ပေါင်းများစွာပိုရှင်သန်နိုင်အောင် စွမ်းဆောင်ပေးနေတဲ့ “SHELL”နည်းပညာမှာ ချို့ယွင်းချက်တချို့ ရှိနေခဲ့ပါတယ်ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် အီအိုဇိုရဲ့ သူငယ်ချင်းဟာလည်း အဲဒီခြွင်းချက်တွေကြောင့်သေဆုံးသွားခဲ့ရ‌တဲ့အခါမှာတော့ အီအိုဇိုအနေနဲ့ အခြေအနေအရပ်ရပ်ထဲကို ဝင်ပါဖို့ဖြစ်လာပါတော့တယ်ဒီစနစ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေကြိုးကိုင်နေတာလဲလူသားတွေကိုရော အမှန်တကယ်အကျိုးပြုနေတာမှန်ရဲ့လား စတဲ့ ဒွိဟအရပ်ရပ်နဲ့ စိတ်ဝင်စားစွာကြည့်ရှုရမဲ့ movie တစ်ခုပဲ ဖြစ်ပါတယ်