သြစတြေးလျ Action Drama ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။သြစတြေးလျရိုက်တာဆိုပေမဲ့ ရုပ်ရှင် အရည်အသွေးကဟောလီဝုဒ်မှီပါတယ်။ဇာတ်လမ်းလေးကို အမြည်းပြောရရင် အဲလက်စ်ဆိုတဲ့ကမ္ဘာကိုယ်ခံပညာချန်ပီယံ သူ ကျန်းမာရေးကိစ္စတွေကြောင့်အနားယူပြီး ကိုယ်ခံပညာသင်တန်းဖွင့်နေတဲ့သူတစ်ယောက်ပါ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့သူမို့သွေးတိုးစမ်းချင်သူတွေလည်း ရှိနေပါတယ်။တစ်ရက်တော့ သူ့သင်တန်းက ကလေး ၂ ယောက်သူ့မိတ်ဆွေရဲ့ ကလေးအပါအဝင် သင်တန်းနားကနေပျောက်သွားခဲ့ပါတယ်။ ပြန်ရှာဖို့ ကြိုးစားရင်းပဲဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ လူတွေကထင်ထားသလို ဟုတ်ပါ့မလား အဆုံးသတ်မှာဘယ်သူတွေသေပြီး ဘယ်သူတွေ ရှင်မှာလဲ စတာတွေကိုတစ်ကားလုံး သေနတ်မသုံးဘဲ hand-to-handတိုက်ခိုက်မှုတွေ တဝကြီး ကြည့်ရမှာ ဖြစ်ပါတယ်။ဒီကားကို ကြည့်ရင်း ငယ်ငယ်က ဂျက်ကီချန်းငယ်စဉ်ကကားတွေကိုတောင် သတိရမိစေပါတယ်။ဒါကြောင့် အက်ရှင်ကြမ်းကြမ်း ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါလို့လက်တို့လိုက်ပါရစေ..,…