Blackbird Blackbird Blackberry ဟာ ၂၀၂၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance/Drama အမျိုးအစားဖြစ်ပါတယ် IMDb rating 7.2/10၊ Rotten tomatoes 92%ထိ ရရှိထားပါတယ်အဓိကဇာတ်ကောင် အီထယ်ရိုဟာ အသက်၄၈နှစ်အရွယ် လူလတ်ပိုင်းအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ရွာထဲမှာ စတိုးဆိုင်ဖွင့်ပြီး အေးချမ်းစွာနေထိုင်နေပါတယ် လွတ်လပ်မှုကို အလေးထားတာကြောင့် ယောက်ျားမယူ၊အိမ်ထောင်မပြုလည်း ဖြစ်တယ်လို့ ခံယူထားသူပါဒါပေမယ့် ဒီအရာကပဲ သူ့ရွာက အမျိုးသမီးတွေ ကြားမှာ အတင်းတုပ်စရာ ဖြစ်နေပါတော့တယ် တစ်ရက်မှာတော့ သူ့စတိုးဆိုင်ကို ပစ္စည်းလာပို့ပေးနေကျ မွန်းမန်ဆိုသူနဲ့ ချစ်ကြိုက်မိသွားပါတော့တယ် ဒီဆက်ဆံရေးက ငယ်ဘဝ traumaတွေနဲ့ အီထယ်ရိုကို စိတ်ပြောင်းသွားစေမှာလား နဂိုအတိုင်း လွတ်လပ်မှုကိုပဲ ရွေးချယ်သွားမှာလားဆိုတာကို အေးအေးငြိမ့်ငြိမ့်လေး ကြည့်ရှုခံစားသွားရမှာ ဖြစ်ပါတယ်