၂ဝ၁၄ခုနှစ်မှာထွက်ရှိခဲ့တဲ့ ပြင်သစ်-ဂျာမာန် အချစ်စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်သား၃ယောက်သမီး၃ယောက်ရှိတဲ့ချမ်းသာကြွယ်ဝတဲ့မုဆိုးဖိုကုန်သည်ကြီးတစ်ယောက်ဟာသူ့ရဲ့သင်္ဘောတွေပင်လယ်ထဲမှာနစ်မြုပ်ခဲ့ပြီး ကျေးရွာလေးတစ်ရွာကိုပြောင်းရွှေ့ခဲ့ရပါတယ်။နစ်မြုပ်သွားခဲ့တဲ့သင်္ဘောတစ်စင်း ပြန်ရှာတွေ့ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးမြို့မှာရှိတဲ့ သင်္ဘောရုံးဆီ သူသွားပြီး အပြန်လမ်းမှာ လျှို့ဝှက်တဲ့ရဲတိုက်တစ်ခုကို မမျှော်လင့်ဘဲတွေ့ရှိခဲ့ရပါတယ်။ရဲတိုက်ထဲက အဖိုးတန်ပစ္စည်းတွေကို ယူပြီး အငယ်ဆုံးသမီးလေးမှာလိုက်တဲ့နှင်းဆီပန်းလေးကို ခူးလိုက်ချိန်မှာပဲ ရဲတိုက်ကြီးရဲ့အရှင်သခင် လူ့တိရိစ္ဆာန်ဟာ အဘိုးကြီးကိုမာန်ဖီကာ သူ့ဆီပြန်လာခဲ့ဖို့ပြောကာ ပြန်လွှတ်လိုက်ပါတယ်။အငယ်ဆုံးသမီးလေးက အဖေဖြစ်သူကိုယ်စား အဲဒီရဲတိုက်ကြီးဆီပြန်သွားခဲ့ပြီးတိရိစ္ဆာန်ကြီးနဲ့ မိန်းကလေးတို့ဘာတွေဖြစ်လာမှာလဲ၊ဒီတိရိစ္ဆာန်ကြီးရဲ့ နောက်ကြောင်းဇာတ်လမ်းက ဘယ်လိုတွေဖြစ်ခဲ့တာလဲဆိုတာ