Rating အမြင့်ဆုံးရရှိခဲ့တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်…ဒီကားလေးကိုလူတိုင်းနဲ့စိမ်းကြမယ်မထင်ပါဘူး…Disney ရဲ့ အအောင်မြင်ဆုံးခြေလှမ်းတစ်ခုဖြစ်စေခဲ့တဲ့ Animation ဖြစ်ခဲ့သလိုအခုခေတ်ထိတိုင်အောင် ပရိတ်သတ်တွေရင်ထဲမှာ စွဲမြင်နေခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်…ဇာတ်လမ်းလေးရဲ့အကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် အရမ်းကိုမောက်မာတဲ့မင်သားလေးတစ်ပါးဟာလူတိုင်းကိုမောက်မောက်မာမာနဲ့ဆက်ဆံခဲ့တာကြောင့် တစ်နေ့မှာ အဘွားအိုကြီးတစ်ယောက်ရောက်လာခဲ့ပြီးတော့အရမ်းအေးလွန်းတာကြောင့် မင်းသားလေးရဲ့ရဲတိုက်မှာ ခဏလောက်တည်းခိုခွင့်တောင်းခဲ့ပါတယ်…ဒါပေမယ့် မင်းသားလေးဟာ ညစ်ပတ်စုတ်ပြတ်လှတဲ့ အဘွားအိုကြီးရဲ့ပုံစံကိုကြည့်ပြီးတော့ မောက်မောက်မာမာနဲ့နှင်ထုတ်ခဲ့ပါတယ်…အဲ့ဒီအချိန်မှာ အဘွားအိုကြီးကနေ နတ်သမီးတစ်ပါးအဖြစ်ပြောင်းလဲသွားပြီးတော့မင်းသားလေးရဲ့ရင်ထဲမှာချစ်ခြင်းတရားမရှိတာကိုသိသွားတဲ့ နတ်သမီးက မင်းသားလေးကိုအလွန်ရုပ်ဆိုးတဲ့တောရိုင်းသတ္တ၀ါကြီးအဖြစ်ပြောင်းခဲ့ပါတယ်…သူတင်မကပဲ ရဲတိုက်ကြီးထဲမှာနေတဲ့ လူတွေအားလုံးကိုအသွင်ပြောင်းပြီးအပြစ်ပေးခဲ့ပါတယ်..နတ်သမီးက သူ့ကို ပေးခဲ့တဲ့နှင်းဆီပန်းက တကယ်တော့ မှော်ဝင်နှင်းဆီပန်းပါ…အဲ့ဒီပန်းဟာ သူ့ရဲ့အသက် ၂၁ နှစ်ပြည့်မှာ ပွင့်မှာဖြစ်ပြီးတော့တကယ်လို့ အဲဒီ ၂၁ နှစ်မွေးနေ့မတိုင်ခင် သူရင်ထဲအချစ်ရှိလာပြီးတော့မိန်းကလေးတစ်ယောက်အဲချစ်နိုင်ခဲ့ရင်အဲ့ဒီသူချစ်ရတဲ့မိန်းကလေးကလည်း အဲဒီပန်းရဲ့နောက်ဆုံးပွင့်ဖတ်မကြွေခင် အချိန်မှာသူ့ကိုပြန်ပြီးတော့ချစ်န်ိုင်ခဲ့ရင် သူ့အပေါ်ကိုပြုလုပ်ထားတဲ့ နတ်သမီးရဲ့ကျိန်စာက ပျက်ပြယ်သွားမှာပဲဖြစ်ပါတယ်…ဒီလိုမဟုတ်ပဲ မင်းသားလေးဟာ ဒီတိုင်းဆက်ပြီးနေဦးမယ်ဆိုရင်တော့သူဟာထာဝရဒီရုပ်ဆိုးသတ္တ၀ါကြီးအနေနဲ့ပဲ ဆက်လက်ရှင်သန်သွားရမှာပါ…ကဲ ချစ်ခြင်းတရားက အရာရာကိုပြောင်းလဲသွားစေနိုင်လား…အချစ်ဆိုတာ ရိုင်းစိုင်းတဲသူကို သိမ်မွေ့အောင်လုပ်ပေးနိုင်မလားဆိုတာ….ချစ်စရာ Animation ကာတွန်းပုံရိပ်လေးများနဲ့ အိပ်ရာဝင်ပုံပြင်လေးအဖြစ်အိပ်ခါနီး ကြည့်လိုက်ရအောင်လားဗျာ…