ကမ္ဘာကြီးပေါ်မှာ ယှဉ်တွဲနေထိုင်နေကြတဲ့ လူကောင်းလူဆိုးဆိုတာရှိသလိုလူသားတွေကြားမှာ ရင်းနှီးမှုနဲ့ပဲရှေ့တန်းတင်နေထိုင်ချင်ကြတဲ့မကောင်းဆိုးဝါးတွေလည်းရှိပါတယ် မကောင်းဆိုးဝါးတိုင်းကတော့မကောင်းတာမဟုတ်ပါဘူးပေါ့ ဒီဂျပန်ကားလေးကတော့အဆိုတော်တစ်ယောက်နဲ့ ဇွန်ဘီတွေကြားက သံယောဇဉ်ကိုရိုက်ပြထားတာပါဒီဇွန်ဘီတွေကို လိုက်သတ်နေတဲ့လူတစ်စုရယ်ဇွန်ဘီကယ်လိုရှင်သန်နေတဲ့အဆိုတော်နဲ့ ဒီအဆိုတော်ကိုဗဟိုပြုရင်းရှင်သန်နေတဲ့ ဇွန်ဘီတစ်သိုက်တိုရဲ့ အသက်ရှင်ဖိုလမ်းကိုကြိုးစားကြပုံတွေကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်ဆာတိုလိုခေါ်တဲ့ ကောင်လေးဆီကို သူ့သူငယ်ချင်း၃ယောက်ဟာ ဖုန်းအဆက်အသွယ်မရတာနဲ့ စိတ်ပူပြီးလိုက်လာရာကနေ ဇာတ်လမ်းကို အစပြုထားပါတယ်။ ဒီလိုလိုက်လာရာကနေပဲ ကံဆိုးမိုးမှောင်ကျပြီးတော့နာနာဆိုတဲ့ကောင်မလေးကစတင်ပြီး ဇွန်ဘီဖြစ်သွားရာကနေ သူငယ်ချင်း၃ယောက်လုံး အချင်းချင်းကိုက်ကြပြီးဇွန်ဘီတွေ ဖြစ်လို့သွားပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဇွန်ဘီတွေက ကြီးစိုးလာပြီး လူသားတွေကိုကျွန်ပြုရာကနေ နောက်ပိုင်းမှာ ဇွန်ဘီတွေ ဘယ်လိုဖြစ်သွားမလဲ ……..ဇွန်ဘီတွေကို လိုက်လံနှိမ်နင်းနေတဲ့ ဇွန်ဘီသတ်သမားနဲ့ ဇွန်ဘီသူငယ်ချင်းအုပ်စု ဘာတွေဆက်ဖြစ်ကြမလဲ ….ဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။