Anveshi HD

Anveshi

Thriller HD 2023-11-17 8.3 0 Min

ရွာလေးတစ်ရွာရဲ့ ဆေးရုံတစ်ရုံဟာ ဝါယာရှော့ဖြစ်ပြီး မီးလောင်သွားရာကနေမီးထဲမှာပါသွားတဲ့ ဒေါက်တာတစ်ယောက်ဟာ သရဲအဖြစ်နဲ့ရှိနေပြီး လိုက်ခြောက်နေတယ်လို့သတင်းတွေထွက်နေပါတယ်။ ဒီလိုနဲ့ ပညာမတတ်တဲ့ရွာသားတွေဟာလည်း ဘယ်သူကဘာပြောပြော မျက်စိစုံမှိတ်ပြီး ယုံတတ်ကြတော့ ပိုပြီးတော့ ဆိုးတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ဆေးရုံရှေ့မှာတင် လူတစ်ယောက်သေဆုံးသွားရာကနေ ကိစ္စတွေက ပိုပြီးတော့ဆိုးရွားလာခဲ့ပြီးတော့ ညဘက်ဆို လူခြေတိတ်သွားတဲ့အထိ ဘယ်သူကမှ အပြင်မထွက်ရဲကြတော့ပါဘူး။ဒီလိုသရဲကိစ္စကို ယုံကြည်တဲ့သူတွေထဲမှာ ရဲအရာရှိဝန်ထမ်းတွေပါ ပါနေတော့ ပိုဆိုးတော့တာပေါ့လေ။ဒီလိုနဲ့ အဲဒီရွာက သရဲဆိုတာကို အယုံအကြည်မရှိတဲ့လူတစ်ယောက်ဟာ ဒီကိစ္စကို အဖြစ်မှန်သိအောင်လိုက်လံပြီးတော့ စုံစမ်းနေပါတော့တယ်။ တစ်ဖက်မှာလည်း သူငယ်ချင်းရဲ့ ညီမပျောက်လို့လိုက်ရှာရာကနေမထင်မှတ်ဘဲ ဘတ်စ်ကားပေါ်မှာတွေ့တဲ့ကောင်မလေး အာနူကို ချစ်မိသွားတဲ့ကောင်လေးတစ်ယောက်။မြင်မြင်ချင်းမှာတင် ချစ်မိသွားပြီး နောက်ထပ် ထပ်တွေ့ရဖို့ မျှော်လင့်နေသူ။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာမမျှော်လင့်ဘဲ ဘဏ်တစ်ခုမှာ ပြန်ဆုံတွေ့ကြရင်းနဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ……သူတို့နှစ်ယောက်နဲ့ သရဲခြောက်တဲ့ဆေးရုံကြီးကရော ဘယ်လိုတွေ ပတ်သတ်နေလဲ …..သရဲခြောက်တယ်ဆိုတဲ့ ဆေးရုံကြီးဟာရော တကယ်ပဲ သရဲခြောက်တာဟုတ်ရဲ့လား ……