Krull HD

Krull

Action Fantasy Adventure Science Fiction HD 1983-07-29 6.055 121 Min

စွမ်းအားကြီးမားတဲ့ သားရဲကြီး နဲ့ သတ်ဖြတ်သူ တွေကို ရင်ဆိုင်နိုင်ဖို့ရန်ဘက်အိမ်နီးချင်းနိုင်ငံများက နန်းမွေခံဖြစ်ကြတဲ့ မင်းသမီးလစ်စာ နဲ့မင်းသား ကိုလ်ဝင်းတို့ဟာအချင်းချင်းလက်ဆက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။မင်္ဂလာအခမ်းအနားပြီးမြောက်ချိန်မှာပဲ သတ်ဖြတ်သူတွေရဲ့ တိုက်ခိုက်မှုကြောင့်မင်းသားကိုလ်ဝင်းအနေနဲ့ ဖခင်ဖြစ်သူတာရိုးဘုရင် နဲ့ မင်းသမီးလစ်စာကိုတစ်ရက်တည်းမှာ ဆုံးရှုံးရပါတော့တယ်။ ဖခင်သေဆုံးပြီး ပူပူနွေးနွေး ဇနီးဖြစ်သူလစ်စာဖမ်းယူခံရချိန်မှာတော့ ကြေကွဲအရှုံးပေးနေသူ ကိုလ်ဝင်းကို ကယ်ဆယ်လမ်းပြဖို့အသက်ကြီးသူ “ရနီးရာ” တစ်ယောက် ဂရနိုက်တောင်တန်းတွေပေါ်က ဆင်းလာခဲ့ပါတော့တယ်။မနက်မိုးသောက်ချိန်တိုင်း နေရာတစ်ခုရွှေ့ပြောင်းနေတဲ့ မဟူရာခံတပ်ထဲကမင်းသမီးပျိုလေးကို ကယ်ဆယ်ဖို့ အသက်ကြီးသူ ရနီးရာ ရဲ့ လမ်းပြစေခိုင်းမှုနဲ့အတူအမိဂြိုလ်တစ်ခုလုံး သူ့ကျွန်မဖြစ်ရေးတာဝန်ဟာ ကိုလ်ဝင်းရဲ့ ပခုံးထက်ကို ရောက်လာခဲ့ပါတယ်။ကိုလ်ဝင်းအနေနဲ့ စွမ်းအားကြီးလွန်းသူ သားရဲကြီး ကို ရင်ဆိုင်ဖို့ ရှေးကျတဲ့လက်နက်ဖြစ်တဲ့ ဓားစကြာ၊ မဟူရာခံတပ်ရဲ့ တည်နေရာကို အမြင်နဲ့ညွှန်ပြပေးနိုင်မယ့်မြပုရောဟိတ် စတာတွေကို ရှာပုံတော်ဖွင့်စွန့်စားခန်းတစ်ခုကို အခက်အခဲများစွာကြားကနေဟောကိန်းလာနန်းမွေခံထိုက်သူအဖြစ် အဖတ်ဆယ်သက်သေပြရတော့မှာ ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်အနေနဲ့ Ken Marshall, Lysette Anthony တို့ ပါဝင်သရုပ်ဆောင်ထားပြီးLiam Neeson, Robbie Coltane တို့ကိုလည်း အရံသရုပ်ဆောင်အဖြစ် ပါဝင်ထားတာတွေ့ရပါတယ်။