Aliens HD

Aliens

Action Thriller Science Fiction HD 1986-07-18 7.938 137 Min

ဒီတစ်ခါ Aliens ကတော့ Alien (1979) ရဲ့ နောက်ဆက်တွဲဖြစ်ပြီး Terminator, Avatar, Titanic ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းကင်မရွန်း ရိုက်ကူးတာ ဖြစ်ပါတယ်Nostromoအဖြစ်အပျက်အပြီး အာကာသမှာ လွင့်မျောနေတဲ့ ရစ်ပလီကို ကယ်ဆယ်ရေးအဖွဲ့က ပြန်လည်တွေ့ရှိသွားချိန်မှာတော့ ၅၇ နှစ်ကြာခဲ့ပါပြီယခုခေတ်မှာ ဂြိုဟ်အသစ်တွေမှာ ကိုလိုနီတွေ နေထိုင်နေနိုင်တဲ့ ကာလကို ရောက်သွားပြီး LV-426ဂြိုဟ်မှာလည်း လူသားမျိုးနွယ် ကိုလိုနီတွေ နေထိုင်ကြပါတယ်ထူးဆန်းတာက Alien ကို ဘယ်သူမှ မတွေ့ကြုံရတာပါပဲ… တစ်နေ့ အဲဒီဂြိုဟ်နဲ့ အဆက်အသွယ်ပြတ်သွားပြီး အကြောင်းရင်းသိရဖို့ မရိန်းတပ်သားအဖွဲ့ သွားစုံစမ်းရဖို့ ဖြစ်လာတယ် ဒီတစ်ခါမှာ ရစ်ပလီက အကြံပေးအရာရှိအဖြစ် လိုက်လာတာဖြစ်ပြီး စွမ်းအားကြီးတဲ့ Alien Queen နှင့် သူမရဲ့ သားပေါက်တွေနဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်